တပ်ကုန်းမြို့၌ ၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အစိုးရက ဆက်ကပ်သည့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ထပ်ဆင့်ချီးကျူးပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့၌ ၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အစိုးရက ဆက်ကပ်သည့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ထပ်ဆင့်ချီးကျူးပူဇော်ပွဲ ကျင်းပ

 



MNP ၊ဒီဇင်ဘာ ၂၆

ည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်၊ ပဏ္ဍိတာရာမ ပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတာနန္ဒ (မြတ်ဘုန်း-တပ်ကုန်း) အား ၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းသည့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တပဏ္ဍိတာနန္ဒဆရာတော်အား ထပ်ဆင့်ချီးကျူးပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါစာသင်တိုက်၊ ယာယီမဏ္ဍပ်တွင် ကျင်းပခဲ့သည်။

အဆိုပါထပ်ဆင့်ချီးကျူးပူဇော်ပွဲတွင် အနော်ရထာရပ်ကွက်၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တစန္ဒသိရီ အရှင်သူမြတ်အမှူးပြုသော ပင့်ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး၊ ဧည့်ပရိသတ်များတက်ရောက်ကာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ဓမ္မတေးဂီတအဖွဲ့က ထူးမခြားနားသီချင်းကြီးတစ်ပိုဒ်ဖြင့် သီကျူးပူဇော်ပြီးနောက် မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တစန္ဒသိရီ ဆရာတော်က သာရဏီရဩဝါဒကထာ မြွက်ကြားခြင်း၊ ၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အစိုးရက ဆက်ကပ်ခြင်းခံရသော  သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရဘဒ္ဒန္တပဏ္ဍိ တာနန္ဒဆရာတော်၏ ထေရုပ္ပတ္တိကို ဖတ်ကြားခြင်း၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ ငွေတောင်တောရ ပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိဇ္ဇောတက အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ထပ်ဆင့်ချီးကျူးပူဇော်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လတ်က သာသနာရေးဆိုင်ရာများ လျှောက်တင်ခဲ့သည်။

ထို့နောက် ပဏ္ဍိတာရာမ ပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတာနန္ဒ (မြတ်ဘုန်း-တပ်ကုန်း)အား နိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းသည့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် လှူဒါန်းမှုအစုစုကို ဆရာစံရပ်ကွက်၊ ရွှေအင်းရိပ်သာပရိယတ္တိစာသင်တိုက်၊ စာချနာယကဆရာတော် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဦးပညာသာမိက ရေစက်တရားတော်ချီးမြှင့်၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။

တင်စိုးလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)