AA အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် မြောက်ဦးမြို့နယ်ပြည်သူ့ဆေးရုံပျက်စီး - Myanmar National Post

Myanmar National Post

News Agency

Breaking

AA အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် မြောက်ဦးမြို့နယ်ပြည်သူ့ဆေးရုံပျက်စီး




MNP ၊ ဒီဇင်ဘာ ၂၆

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိရှိ တိုက်ပွဲဖော်ဆောင်နေသော AA အကြမ်းဖက်အဖွဲ၏ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ယမန်နေ့ ညနေပိုင်းတွင် ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော မြောက်ဦးမြို့နယ်ပြည်သူ့ဆေးရုံနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ကရုဏာလှိုင်းသွေးလှူရှင်အသင်းရုံးတို့ ပျက်စီးခဲ့ရကြောင်း ဒေသခံသတင်းများအရ သိရှိရသည်။

အဆိုပါလက်နက်ကြီးကျည် ကျရောက်မှုကြောင့် မြို့နယ်ပြည်သူ့ဆေးရုံ ခွဲစိတ်ခန်းနှင့် လူနာဆောင်များ ပျက်စီးခဲ့ရပြီး ကရုဏာလှိုင်းရုံးရှိ မော်တော်ယာဉ်နှင့် ရုံးနောက်ဖက်ခြမ်းပျက်စီးသွားကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်းကလည်း AA အကြမ်းဖက်သောင်းကျန်းသူများ၏ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ယဉ်ကျေးမှုပြတိုက် ပျက်စီးဆုံးရှုးရခဲ့ပြီး ပြည်ဖျက်မီဒီယာများမှ တပ်မတော်မှ ပစ်ခတ်ဖျက်ဆီးသည်ဟု မဟုတ်မမှန် ရေးသားဖော်ပြမှုများ ပြုလုပ်လျက်ရှိသည်။


Photo Crd -

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)