MNP ၊ဒီဇင်ဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အနီးရှိ မိုင်းရင်ကျေးရွာဒေသထွက် လိမ္မော်သီးများ လားရှိုးမြို့တွင် ရောင်းအားကောင်းလျက်ရှိနေကြောင်း သိရသည်။
ယခုနှစ်တွင် လားရှိုးမြို့၌ လိမ္မော်သီးများကို မိုင်းရင်ဒေသထွက် လိမ္မော်သီးများကိုသာ အဓိကထား ရောင်းချနေကြရပြီး အခြားဒေသထွက် လိမ္မော်သီးများ လာရောက်ရောင်းချမှုနည်းပါးနေကြောင်း သိရသည်။
“မိုင်းရင်ကနေလာရောင်းတာပါ။ မနေ့က ကားတစ်စီးအပြည့်တင်လာတယ်။ မြို့ပေါ်မှာရောင်းတာ သုံးချိုးတစ်ချိုးပဲ ကျန်တော့တယ်။ ဒီနေ့လက်ကျန်လေးကို လားရှိုးကြီးဈေးမှာလာရောင်းတာပါ။”ဟု လိမ္မော်သီးရောင်းသူတစ်ဦးက ဆိုသည်။မိုင်းရင်လိမ္မော်သီးကို ဆယ်လုံးခြောက်ထောင်ကျပ်ဈေးဖြင့် ရောင်းချရကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)
https://t.me/MyanmarNationalPost
No comments:
Post a Comment