MNP ၊ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား အာဟာရဒါနများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ နံနက် (၉) နာရီ က မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး မွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များက မြန်မာ့ စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေ ထုတ်ယူလျက်ရှိသည့် အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး အာဟာရဒါနများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်း၍ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အသက် (၈၅)နှစ်အထက် ဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ၎င်းတို့က မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေ များပေးအပ်ခြင်း၊ မြို့နယ်အတွင်း ဘိုးဘွားရိပ်သာများရှိ ဘိုးဘွားများအား အလှူငွေနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment