ထန်းတပင်မြို့နယ်၌ မျိုးစေ့ချကိရိယာ (Seeder) ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသကာ တောင်သူအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့နယ်၌ မျိုးစေ့ချကိရိယာ (Seeder) ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသကာ တောင်သူအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေ

MNP ၊ဒီဇင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ တောင်သူများစပါးစိုက်ပျိုးရာတွင် လုပ်အားကုန်ကျမှုစရိတ်များနှင့် မျိုးစေ့နှုန်းထားကုန်ကျမှုစရိတ်များ သက်သာစေရန်အတွက် မျိုးစေ့ချကိရိယာ (Seeder) ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသကာ တောင်သူအသိပညာပေးလုပ်ငန်းများကို ထန်းတပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိပြီး ဒီဇင်ဘာ(၂၆)ရက်နေ့ နံနက်ပိုင်းက မျိုးစေ့ချကိရိယာ (Seeder) ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသကာ တောင်သူအသိပညာပေးခြင်းလုပ်ငန်းကို စက်မှုလယ်ယာစနစ်ကျလယ်ယာမြေဧကအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် ရေပေါ်သောင်ကျေးရွာ၊ ရေပေါ်သောင်ကွင်းတွင် ကျင်းပပြုလုပ်သည်။

မျိုးစေ့ချကိရိယာ (Seeder) ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနိုင်နိုင်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစောဝင်းကိုနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးနိုင်တို့က စပါးမျိုးစေ့ချကိရိယာစီဒါ (Seeder) အသုံးပြုရခြင်း၏ အကျိုးကျေးဇူးများကို တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံတောင်သူများအား မျိုးစေ့ချကိရိယာ (Seeder) ဖြင့် နွေစပါးကို လက်တွေ့စိုက်ပျိုးပြသပေးခဲ့ကြကြောင်းလည်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနိုင်နိုင်ဦးနှင့်တာဝန်ရှိသူများက ရေပေါ်သောင်ကျေးရွာတွင် ဒေသခံတောင်သူများ မျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ကြပြီး မျိုးစေ့ချကိရိယာ (Seeder) ဖြင့် တောင်သူများ စပါးစိုက်ပျိုးရာတွင် လုပ်အားကုန်ကျမှုစရိတ်များသက်သာခြင်း၊ စပါးကောက်ကွက်ပြည့်မှီခြင်း၊ အတန်းလိုက်ညီညာစွာ စိုက်ပျိုးသည့်အတွက် တမန်နိုးရလွယ်ကူကာ ပင်ပွားကောင်းမွန်ခြင်းနှင့် စပါးအထွက်နှုန်းများ ကောင်းမွန်ကာ မျိုးစေ့နှုန်းထားကုန်ကျမှုစရိတ်များ သက်သာစေမည်ဖြစ်ကြောင်းလည်း သိရသည်။


ဇင်မင်းထိုက်(ထန်းတပင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)