MNP ၊ ဒီဇင်ဘာ ၁
မွန်ပြည်နယ်၊ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ( ၁၀ ) နာရီက ပေါင်မြို့နယ် ( အလက ) ပုသိမ်ကွင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် (အလက) ပုသိမ်ကွင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်စန္ဒာသိန်း က အဖွင့်အမှာ စကားပြောကြားပြီး ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိဒေါ်တင်ဇာစိုး က လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင် လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး ( အလက )ပုသိမ်ကွင်းကျောင်း မှ Grade 9 ကျောင်းသား မောင်ရဲရင့်ဦး က လူငယ်နှင့် အားကစား ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ Grade - 9 ကျောင်းသား မောင်ရဲရင့်ဦး က လူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 9ကျောင်းသူ မခိုင်သဇင်ကျော် က လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 9ကျောင်းသူ မနွယ်နွယ်လှိုင် ကလူငယ်နှင့်လူမှုဆက်ဆံရေး၊ ပလပ်စတစ်ညစ်ညမ်းမှုနှင့်အဏ္ဏဝါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 9 ကျောင်းသူ မသန္တာလင်း က လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ က လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး နှင့်မြို့နယ်အားကစားမှူးဒေါ်အေးသီတာအောင်တို့က ပြန်လည်ဖြေကြားပေးခဲ့သည်။ယနေ့ကျင်းပသော လူငယ်စကားဝိုင်း သို့ ( အလက ) ပုသိမ်ကွင်း ကျောင်းမှ ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား ကျောင်းသူ ( ၂၅၀ ) ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment