MNP ၊ ဒီဇင်ဘာ ၃
မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ဇင်းကျိုက်မြို့ ဂေါစဂမ် အတွင်းသံဃာတော်များမော်တော်ယာဉ်ဖြင့်လှည့်လှယ်ပရိတ်တရားပူဇော်ခြင်းကိုယမန်နေ့ညနေပိုင်းကပြုလုပ်ခဲ့သည်။
ပရိတ်တရားပူဇော်ရာတွင် ဇင်းကျိုက်မြို့အတွင်းရှိဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များက မော်တော်ယာဉ်များဖြင့် ပရိတ်တရားကို မွန် မြန်မာ နှစ်ဘာသာဖြင့်ရွတ်ဖတ်ကာ ဇင်းကျိုက်မြို့ရေကန်ကြီးရေလည်ဘုရားမှစထွက်ပြီး မြို့တစ်ပတ်လိုက်လံလှည့်လှယ်ရွတ်ပူဇော်ခဲ့သည်။ထိုသို့ရွတ်ဖတ်ပူဇော်ခြင်းဖြင့် ဇင်းကျိုက်မြို့အတွင်းရှိပြည်သူများ အန္တရာယ်အပေါင်းမှကင်းဝေးစေရန်ရည်ရွယ်၍ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်းသတင်းရရှိပါသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment