ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဘားအံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဘားအံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


MNP ၊ဒီဇင်ဘာ ၂၅

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ် အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ၂၉၁ ဒဿမ ၆၇၈ သန်းဖြင့် ဘားအံမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်သော ခြံကလေး-ရွှေမြင့်ကုန်းလမ်း ၁ ဒဿမ ၃၀၇ ကီလိုမီတာအား ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောကျော်ဝင်းနှင့် တာဝန်ရှိသူ များက လမ်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိုးများသည့်ဒေသဖြစ်သည့် အတွက် ရေမြောင်းများ စနစ်တကျ ထည့်သွင်းဆောင်ရွက်ပေးရန်၊ သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြရန် မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခြံကလေးအောင်ရတနာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလအား သွားရောက်ဖူးမြော်ကြည်ညို ၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများ လျှောက်ထားတင်ပြကာ ဆန်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခြံကလေးအောင်ရတနာဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် တက်ရောက်ပညာ သင်ကြား နေသော ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ပညာရှာသည့်အရွယ်တွင် ပညာရေးဆုံးခန်း တိုင်အောင် ကြိုးစားသင်ယူကြစေလိုပြီး လူငယ်များဖြစ်ကြသည့်အတွက် ရည်မှန်းချက်ကို မြင့်မြင့်မားမားထားကာ ဘက်စုံထူးချွန်သူများဖြစ် အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၁၉၈)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပြီး ပြည်နယ် ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအတွက် အထွေထွေအသုံးစရိတ် ငွေကျပ် (၅)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံမြို့နယ်၊ ဝင်းကျန်ကျေးရွာအုပ်စုရှိ ဟင်းသီး ဟင်းရွက် စံပြစိုက်ခင်း (၁၃ ဒဿမ ၉၆) ဧက၌ ခရမ်း၊ ပြောင်း၊ ငရုတ် အစရှိသည့် စားဖိုဆောင် သီးနှံများ စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)