မွန်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

 




MNP ၊ဒီဇင်ဘာ ၁၃

၂ဝ၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျင်းပရေးဦးစီးကော်မတီ နာယက၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအသီးသီးကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်သဖြင့် လုပ်ငန်းကော်မတီများအလိုက် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို အကြုံပြုပေးပြီး ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း၊ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ မိမိတို့ပြည်နယ်တွင်လည်း လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အလံအလေးပြုပွဲ၊ သဝဏ်လွှာဖတ်ကြားပွဲနှင့် ဂုဏ်ဆောင်ဆုချီးမြှင့်ပွဲ အခမ်းအနားများကိုအောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ ၂၀၂၄ ခုနှစ်၊ (၇၆)ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက်များနှင့်အညီ အဆင်ပြေချောမွေ့ အောင်မြင်စွာ ကျင်းပဆောင်ရွက်သွားနိုင်ရန်အတွက် လုပ်ငန်းကော်မတီအသီးသီးမှ ပိုမိုကောင်းမွန်သည့် အကြံဉာဏ်များ ပေးစေလိုကြောင်းနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် ၂ဝ၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများက အကြုံပြုဆွေးနွေးခဲ့ကြပြီး  ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။


စည်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)