မင်းလှမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းလှမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

  



MNP ၊ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းနှင့် (Woman Club) အဖွဲ့တို့ပူးပေါင်း၍ လစဉ်စာဖတ်ဝိုင်းများကို ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နေ့လယ် ၂ နာရီချိန်က လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်က အမှာစကားပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဘီအောင် (မင်းလှ) က ဒေါက်တာခင်မောင်ညိုရေးသားသည့် လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည် ဆောက်ခြင်းစာအုပ်မှ လူငယ်နှင့် အမှား၊ လူငယ်နှင့် အောင်မြင်ခြင်း၊ လူငယ်နှင့် စူးစမ်းစိတ်၊ လူငယ်နှင့် တာဝန်သိမှုစသည့် အကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ရာ (Woman Club) အဖွဲ့ဝင်များက အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ကာ ဆွေးနွေးဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။


ပေါက်စ(မင်းလှ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)