နိုင်ငံရေးလုပ်စားသူများကို မွေးပြီး မြန်မာနိုင်ငံအပေါ် ရည်ရွယ်ချက်ရှိရှိ ယုတ်မာကောက်ကျစ်ခဲ့သော အမေရိကန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံရေးလုပ်စားသူများကို မွေးပြီး မြန်မာနိုင်ငံအပေါ် ရည်ရွယ်ချက်ရှိရှိ ယုတ်မာကောက်ကျစ်ခဲ့သော အမေရိကန်



အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက် ဟာ NUG အကြမ်းဖက်အဖွဲ့ဝင်ဖြစ်သွားတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းနဲ့ ၂၀၂၁ခုနှစ်၊ စက်တင်ဘာ (၂၄) ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။ ဦးကျော်မိုးထွန်းနဲ့ နယူးယောက်မှာတွေ့ဆုံခဲ့သလို NUG အကြမ်းဖက်အဖွဲ့ခေါင်းဆောင်တချို့နဲ့ Zoom Metting ကနေ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံခဲ့တဲ့ အထဲမှာ NLD လွှတ်တော်အမတ်ဟောင်း NUG အကြမ်းဖက်အဖွဲ့ဝင် ဇင်မာအောင်၊ လူ့အခွင့်အရေးအရည်ခြုံ လူမျိုးလိမ်အရေးလှုပ်ရှားသူ အောင်မျိုးမင်း၊ လူမျိုးလိမ်အရေး လှုပ်ရှားသူ အောင်ကျော်မိုးတို့နဲ့ တွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။

နောက်ပိုင်းမှာ အောင်မျိုးမင်းနဲ့ အောင်ကျော်မိုးက NUG အကြမ်းဖက်အဖွဲ့ထဲမှာ လူ့အခွင့်အရေးဝန်ကြီးဌာန တစ်ခုဖန်တီးရယူပြီး လူမျိုးလိမ်လှုပ်ရှားမှုကို ဇောင်းပေးဆောင်ရွက်ခဲ့ကြပါတယ်။ ICJ တရားရုံးမှာ ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦး တို့က အိုအိုင်စီနိုင်ငံများရဲ့ ခိုင်းစေချက်နဲ့ ဂမ်ဘီယာက တရားစွဲဆိုထားတဲ့ ကိစ္စ သွားရောက်ဖြေရှင်းစဉ်မှာလည်း အောင်မျိုးမင်းဟာ လူမျိုးလိမ်အရေးအတွက် ICJ တရားရုံးရှေ့ထိ လိုက်ပါဆန္ဒပြပေးတဲ့ အမျိုးယုတ်တစ်ယောက် ဖြစ်ပါတယ်။ လူမျိုးလိမ်ခေါင်းစဉ် နဲ့ မျိုးထား စို့ထားတာတွေ များလွန်းမက များနေပြီ ဖြစ်တဲ့အပေါ်မှာ သူ့ဆန်စား ရဲရဆိုသလို လူ့အခွင့်အရေးကို လိုသလိုအသုံးချပြီး လူမျိုးလိမ်အမည်နာမကိုသာ ပါးစပ်ဖျားကမချ အော်နေသူ ဖြစ်ပါတယ်။ ပြည်ဖျက်မိစ္ဆာတွေအတွက် လူမျိုးလိမ်အမည်နာမတစ်ခုဟာလည်း ငွေတွင်းကြီးပါပဲ။

စာရေးသူက အခါအားလျော်စွာ NUG နဲ့ ဆက်စပ်သော အကြမ်းဖက်အဖွဲ့အစည်းများရဲ့ နောက်ကွယ်မှာ အမေရိကန်ရှိနေတဲ့အကြောင်းကို အလျဉ်းသင့်သည့်အခါတိုင်း ထည့်သွင်းဆွေးနွေးပါတယ်။ ၂၀၂၁ ခုနှစ် ဆူပူဆန္ဒပြမှုတွေ စပါပြီဆိုကတည်းက NLD ဦးဆောင်သူ NUG အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်းမယ့်သူတွေဟာ ဆန္ဒပြပွဲမှာ ပါဝင်လာကြတဲ့ နီပိန်းများကို အမေရိကန်သံရုံးရှေ့ ချီတက်ခိုင်းပြီး အမေရိကန်အစိုးရထံက အကူအညီတောင်းခံခိုင်းတဲ့ လုပ်ရပ်တွေဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်တွေ မဟုတ်ပါဘူး။ ရည်ရွယ်ချက်ရှိရှိ ဖန်တီးလုပ်ဆောင်ခဲ့တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ NUG ကို ကူညီပံ့ပိုးပေးခြင်းဟာ အကြောင်းမဲ့ မဟုတ်ဘဲ အကူအညီတောင်းခံခဲ့တဲ့ မှတ်တမ်းတွေကို ပြသပြီး ပြည်သူများက အကူအညီတောင်းလို့ ကူညီပံ့ပိုးပေးခြင်းဖြစ်တယ်ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးခဲ့ကြခြင်းပါပဲ။ အကြမ်းဖက်အားပေး မလုပ်ပါဘူးလို့ ထမင်းရည်ပူ လျှာလွှဲ လုပ်နိုင်ဖို့ အမေရိကန်က ဂွင်ဆင်ခဲ့တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။

စကားကို ပြန်ဆက်ရရင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက် ဆိုသူနဲ့ ကျော်မိုးထွန်းက အတူရှိနေပြီး NUG အကြမ်းဖက်အဖွဲ့က ဇင်မာအောင်၊ အောင်မျိုးမင်း၊ အောင်ကျော်မိုး တို့နဲ့ တွေ့ဆုံမှုကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ရာမှာ (မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှု အမြန်ဆုံးပြန်လည်အသက်ဝင်ရေးက အရေးကြီးတဲ့အကြောင်း အလေးထားဆွေးနွေးခဲ့ကြသလို တိုင်းရင်းသား နဲ့ ဘာသာရေးအုပ်စုတွေအပါအဝင် လူ့အခွင့်အရေးနဲ့ တန်းတူညီမျှရေးကိုလေးစားတန်ဖိုးထားရေးတွေလ‌ည်း ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာပြည်သူတွေ ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရာမှာ အကူအညီပေးဖို့အတွက် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုအားကောင်းအောင် လုပ်ဆောင်ရေးဆိုင်ရာနဲ့ ပတ်သက်ပြီးတော့လည်း အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။ မြန်မာစစ်အာဏာရှင်ရဲ့ ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုကျူးလွန်မှုတွေကိုရင်ဆိုင်နေရတဲ့ မြန်မာပြည်သူလူထုအတွက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဦးဆောင်မှုနဲ့ စူးစိုက်ဆောင်ရွက်မှုတွေအတွက် အသိအမှတ်ပြုတဲ့အကြောင်းကိုလည်း အတိုင်ပင်ခံက ပြောကြားခဲ့ပါတယ်။ နောက်ဆုံးမှာ အတိုင်ပင်ခံက မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ငြိမ်းချမ်းစွာနဲ့ ပြန်လည်ရောက်ရှိရေး လုပ်ဆောင်နေကြသူအားလုံးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ မလျှော့သောအားပေးထောက်ခံမှုကို ထပ်လောင်းအတည်ပြုခဲ့ပါတယ်။) လို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။

အထက်ပါ အမေရိကန်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်ကို ကြည့်ခြင်းအားဖြင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန နဲ့ NUG အကြမ်းဖက်အဖွဲ့ တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ခဲ့တာဟာ ငြင်းဆန်လို့ မရပါဘူး။ ဒါ့အပြင် အမေရိကန်အစိုးရအနေနဲ့ NUG အကြမ်းဖက်အဖွဲ့ကို ကူညီပံ့ပိုးပေးဖို့ ရည်ရွယ်ထားတဲ့ Burma Act ဆိုတဲ့ ဥပဒေကိုတောင် ပြဋ္ဌာန်းခဲ့တာ ရှိပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက် နဲ့ NUG အကြမ်းဖက်အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံမှုအပြီး ထုတ်ပြန်လာသည့် သတင်းထုတ်ပြန်ချက်အပေါ် မူတည်ပြီး ပြောရင် NUG အကြမ်းဖက်အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှု အမြန်ဆုံးပြန်လည်အသက်ဝင်ရေးကို လုပ်ဆောင်ခဲ့တာ ရှိသလား။ ဒီမိုကရေစီစံနှုန်းတွေနဲ့ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ချိန်ထိုးကြည့်လိုက်ရင် အဖြေထွက်ပါတယ်။ ဒီနေရမှာတော့ စာလေးမည် ဖြစ်သဖြင့် ဒီမိုကရေစီစံနှုန်းများကို ထည့်သွင်းပြောဆိုခြင်း မပြုတော့ပါဘူး။ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ (မြန်မာစစ်အာဏာရှင်ရဲ့ ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုကျူးလွန်မှုတွေကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူလူထုအတွက်) ဆိုတဲ့ စကားရပ်ကို ပြန်ပြီး ဆန်းစစ်ကြည့်ရင် ယနေ့ တိုင်းပြည်တွင်းမှာ ဖြစ်ပေါ်နေဆဲ အကြမ်းဖက်မှုတွေကို တပ်မတော်က ကျူးလွန်နေတာလား၊ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF တွေနဲ့ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ KIA, KNU အစရှိသော အဖွဲ့တွေလား ဆိုသည်က လိမ်ညာဖုံးကွယ်လို့ မရတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ 

 ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ က နေစပြီး ဒီနေ့အထိ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့နဲ့ KIA, KNU, KNDF, KNPP, CDF အစရှိသော အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ ရှိတယ်။   ရထားလမ်းတွေ၊ ရထားဘူတာတွေကို မိုင်းထောင်၊ မိုင်းခွဲဖျက်စီးတာ (၁၂၉)ကြိမ်ရှိပါပြီ။ တံတားတွေကို မိုင်းထောင်၊ မိုင်းခွဲဖျက်စီးတာ(၄၆)ကြိမ် ရှိခဲ့ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆေးရုံ၊ ဆေးခန်းပေါင်း (၅၅) ခုကို မီးရှို့ဖျက်ဆီး၊ မိုင်းထောင်ဖောက်ခွဲ တာတွေလုပ်ခဲ့ပါတယ်။ ပြည်သူလူထုရဲ့ပညာရေးဖြစ်တဲ့ စာသင်ကျောင်းတွေနဲ့ ပညာရေးနဲ့ ပတ်သက်တဲ့အဆောက်အအုံ(၇၇၃)လုံးကို ဖျက်ဆီးခဲ့တယ်၊ မိုင်းထောင်ဖောက်ခွဲခဲ့ပါတယ်။ ဒါ့အပြင် တစ်ချို့နေရာတွေမှာဆိုရင် စာသင်ကျောင်းတွေကို NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ အကြမ်းဖက်အဖွဲ့တွေက သူတို့ရဲ့ အကြမ်းဖက်စခန်းများအဖြစ်အသုံးပြုတာရှိသလို အကြမ်းဖက်သင်တန်းကျောင်းတွေလုပ်တာတွေ၊ စစ်‌ရေးအရအသုံးပြုပြီး စာသင်ကျောင်းထဲမှာ ဘန်ကာတွေဆောက်၊ ဆက်သွယ်ရေးမြောင်းတွေတူးပြီး စစ်စခန်းအဖြစ်အသုံးပြုခဲ့တာ တွေ အကြိမ်ကြိမ်ရှိပြီး ဖြစ်ပါတယ်။ 

ဒါတွေနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ပြောချင်တာက အဲဒီလို အများပြည်သူအတိဒုက္ခရောက်စေမယ့် လုပ်ရပ်တွေကို ခင်ဗျားတို့ ပြောနေတဲ့ မြန်မာစစ်အာဏာရှင်က ကျူးလွန်နေတာလား၊ ခင်ဗျားတို့ ကူညီပံ့ပိုးပေးထားတဲ့ NUG အကြမ်းဖက်အဖွဲ့က လုပ်ဆောင်နေတာလား ဆိုတာ သိသာထင်ရှားစွာ မြင်နိုင်ပါတယ်။ ငြင်းဆန်လို့လည်း မရတော့ပါဘူး။ 

ဘာကြောင့်ငြင်းလို့မရသလဲဆိုရင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ “၂၀၂၂ ခုနှစ်အတွက် နိုင်ငံအလိုက် အကြမ်းဖက်မှုဆိုင်ရာအစီရင်ခံစာ (Country Reports on Terrorism 2022) နောက်ဆက်တွဲ စာရင်းဇယားအချက်အလက်များမှာ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF, KNDF, KNPP အစရှိသော အကြမ်းဖက်အဖွဲ့များရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို စစ်တမ်းထုတ်ပြန်ခဲ့ပြီး ဖြစ်လို့ပါပဲ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွက် နိုင်ငံအလိုက် အကြမ်းဖက်မှုဆိုင်ရာအစီရင်ခံစာ မှာ -

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်တွင် အကြမ်းဖက်မှု ၃၉၁ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂,၁၃၀ ဦး (ကမ္ဘာ့သေဆုံးမှု စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်း) ရှိခဲ့သည်။ အကြမ်းဖက်မှု ဖြစ်စဉ် ၁၀ ရာခိုင်နှုန်း တိုးလာသည်ကိုတွေ့ရှိရပြီး ၂၀၂၂ ခုနှစ် တနှစ်တည်းတွင် သေဆုံးမှုနှုန်း ၅၀ ရာခိုင်နှုန်းအထိ တိုးလာကြောင်း၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဟု အမည်တပ်ထားသော Peoples Defence Force (PDF)သည် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်ဖြစ်စဉ်များ၏ အဓိက ကျူးလွန်သူဖြစ်ပြီး အကြမ်းဖက်မှု ၁၉၈ ကြိမ် (ဖြစ်ရပ်အားလုံး၏ ၅၀ ရာခိုင်နှုန်း) ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရကြောင်း၊ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) သည် အကြမ်းဖက်မှု ၂၉ ကြိမ် (၇ ရာခိုင်နှုန်း)ကျူးလွန်ခဲ့ပြီး  ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) မှ ၂၇ ကြိမ် (၇ ရာခိုင်နှုန်း) ကျူးလွန်ခဲ့ကြောင်း စိစစ်တွေ့ရှိရကြောင်း၊  ကျန် ၁၄ ရာခိုင်နှုန်း အတွက် ကျူးလွန်သူအုပ်စုများကိုမူ သတ်မှတ်နိုင် ခြင်းမရှိကြောင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

အမေရိကန်အစိုးရကို သတိပေးချင်တာကတော့ မြန်မာပြည်ကို အတိဒုက္ခရောက်စေဖို့ မြန်မာပြည်ထဲက နိုင်ငံရေးလုပ်စားသူတွေကို ကြိုးကိုင်ပြီး အကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် အမေရိကန်အနေနဲ့ လုပ်ဆောင်ခဲ့တယ်။ အမေရိကန်အနေနဲ့ အိုစမာဘင်လာဒင် ကိုလည်း အလားတူ ကြိုးကိုင်ပြီး ခိုင်းစေနိုင်ဖို့ ကြိုးစားရင်းက အမေရိကန်ကို ပြန်ပြီး ဒုက္ခပေးသွားတဲ့ သင်ခန်းစာတွေ ရှိခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံထဲမှာ အမေရိကန်ကြိုးကိုင်ထားတဲ့ နိုင်ငံရေးလုပ်စားသူများကတော့ ဘင်လာဒင်လောက် အစွမ်းအစ ရှိသူတွေတော့ မဟုတ်ကြပါဘူး။ အမေရိကန်အနေနဲ့ မိမိနိုင်ငံအတွင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်မှာ မလိုလားသကဲ့သို့ မြန်မာနိုင်ငံအတွင်းမှာလည်း အကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် ကူညီပံ့ပိုးပေးမှုတွေ မလုပ်သင့်ဘူးဆိုတာတော့ သံတမန်ကျင့်ဝတ်အရ နားလည်ထားပြီး ဖြစ်သင့်ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးလုပ်စားသူတွေကို မွေးပြီး အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်ကို ဖော်ဆောင်နိုင်ဖို့ ကူညီပံ့ပိုးပေးခဲ့တဲ့ အဓိက တရားခံဖြစ်ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ နိုင်ငံရေးလုပ်စားသူများကို မွေးပြီး ရည်ရွယ်ချက်ရှိရှိ ရက်စက်ယုတ်မာခြင်းကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း (၇၆၀၀)ကျော်အထိ သေဆုံးခဲ့ရသလို အမေရိကန်သို့လည်း တူသောအကျိုး ရရှိနိုင်ပါစေ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)