စစ်အုပ်ချုပ်ရေးကြေညာထားသော ရွှေဘိုမြို့နယ်အတွင်း ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူများအား စစ်ခုံရုံးမှ ပြစ်ဒဏ်များချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်အုပ်ချုပ်ရေးကြေညာထားသော ရွှေဘိုမြို့နယ်အတွင်း ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူများအား စစ်ခုံရုံးမှ ပြစ်ဒဏ်များချမှတ်



MNP ၊ ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ ဆိုးရွားစွာ သောင်းကျန်းလာခြင်းကြောင့် ရွှေဘိုမြို့အပါအဝင် (၁၁)မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ရသည်။ အဆိုပါ မြို့နယ်များအတွင်း ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူများအား စစ်ခုံရုံးတွင် စစ်ဆေးပြီး ပြစ်ဒဏ်များချမှတ်လျက်ရှိရာ ၁၂-၁၂-၂၀၂၃ ရက်တွင် ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက်လှုပ်ရှားသူ၊ အကြမ်းဖက်လှုံ့ဆော်သူ တရားခံများကို ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။


ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သူတစ်ဦးဦးအား ပါဝင်လာစေရန် လူမှုကွန်ရက်တွင် နည်းလမ်းပေါင်းစုံဖြင့် တိုက်တွန်းခြင်း၊ စည်းရုံးခြင်းနှင့် ဝါဒဖြန့်ခြင်းများ ကျူးလွန်ခဲ့သူ တရားခံ မလှယမင်းသူ အား စစ်ခုံရုံးတွင် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) အရ  အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၇ နှစ် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။


ရွှေဘိုမြိုနယ်တွင် နေထိုင်လျက်ရှိပြီး မူးယစ်ဆေးဝါး(သို့) စိတ်ကိုပြောင်းလဲစေသော ဆေးဝါးကို လက်ဝယ်ထားရှိမှု ကျူးလွန်ခဲ့သူ တရားခံ သူရအောင် အား စစ်ခုံရုံးတွင် စစ်ဆေးခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ၁၆(ဂ) အရ  အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။


ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး မူးယစ်ဆေးဝါး(သို့)စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးကို ရောင်းချရန်အလိုငှာ လက်ဝယ်ထားရှိမှု ကျူးလွန်ခဲ့သူ တရားခံ ဇော်ဝင်းထွန်း(ခ)ဖိုးညို အား စစ်ခုံရုံးတွင် စစ်ဆေးခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ၁၉(က) အရ  နှစ်အကန့်အသတ်မရှိထောင်ဒဏ် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။


ရွှေဘိုမြိုနယ်တွင် နေထိုင်လျက်ရှိပြီး အများပြည်သူ သို့မဟုတ် ပြည်သူတစ်စု အား အထိတ်တလန့် ဖြစ်စေရန် လူမှုကွန်ရက်တွင် Post တင်ဖော်ပြခဲ့ခြင်း ကျူးလွန်ခဲ့သူ တရားခံ မပြည့်ပြည့်ဝင်း အား စစ်ခုံရုံးတွင် စစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က(က)အရ  အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။


အလားတူ ကျောက်ထုမြိုနယ်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အုပ်စုအတွက် ဆန်အိတ်များနှင့် စားဆီပုံးများအား ထောက်ပံ့ခြင်းနှင့် အကြမ်းဖက်အုပ်စုမှန်း သိလျက်နှင့် ခိုလှုံခွင့် တည်းခိုနေထိုင်ခွင့်ပေးခြင်းတို့အား ကျူးလွန်ခဲ့သူ တရားခံ အောင်ဇော်ဌေး အား စစ်ခုံရုံးတွင် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) အရ  ထောင်ဒဏ်တစ်သက် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။


စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း ပြစ်မှုကျူးလွန်သူများအား စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သူ (၃၂၅) ဦးအား ပြစ်ဒဏ်များ ချမှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)