မတ္တရာမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့၌ PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦးအား အကြောင်းမဲ့ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မတ္တရာမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့၌ PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦးအား အကြောင်းမဲ့ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်



MNP ၊ ဒီဇင်ဘာ ၁၄

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တို့မှ အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ ပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာလုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာနေ ဦးအေးလွင်ဦး(ခ)ဂတုံး (၄၄)နှစ်သည် အဆိုပါကျေးရွာရှိ “အေးချမ်းရိပ်” လက်ဖက်ရည်ဆိုင်မှ ၎င်း၏နေအိမ်သို့ တစ်ဦးတည်းလမ်းလျှောက်ပြန်လာစဉ် ရွာလယ်လမ်းမပေါ်အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမား လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး ၎င်းအား သေနတ်ဖြင့်ပစ်ခတ်ကာ မြွေပုန်ကန်ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေး သွားသဖြင့် ဦးအေးလွင်ဦး(ခ)ဂတုံးတွင် ဦးခေါင်းနှင့် ရင်ဘတ်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ သုံးချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်းသိရသည်။

အလားတူ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ လဘန်ကျေးရွာနေ ဦးဒေါင်လွမ်း (၇၁)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးဒေါင်လွမ်းတွင် မေးစေ့နှင့်ဝဲနားထင်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ နှစ်ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)