MNP ၊ ဒီဇင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန. အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအား ပြည်ခရိုင် ၊ပြည်မြို့နယ် တုံးရေသစ်တောကြိုးဝိုင်း ဧရိယာအတွင်း မွေးမြူရေးဇုံ ဖော်ထုတ်ဆောင်ရွက်မည့်လုပ်ငန်းအပေါ် လျှောက်ထားနိုင်ရေး ခေါ်ယူအသိပေးရှင်းလင်းပွဲကျင်းပခဲ့သည်။
အဆိုပါ အသိပေးရှင်းလင်းမှု လုပ်ငန်းဆောင်ရာသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး တို့တက်ရောက်ပြီးရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်မှ ပြည်ခရိုင် ၊ပြည်မြို့နယ် တုံးရေသစ်တောကြိုးဝိုင်းကွင်းအမှတ်( ၁၆) သစ်တောကြိုးဝိုင်းမြေ ( ၃၀၉.၁) ဧကအနက်မှ ( ၁၀၀) ဧကအား ပြည်ခရိုင်အတွင်း နို့စားနွားနှင့် အသားစားနွားမျိုးများကို စနစ်တကျ တိုးချဲ့မွေးမြူနိုင်ရေးအတွက် မွေးမြူရေးဇုံအဖြစ် ဖော်ထုတ်အသုံးပြုနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ပြီး မွေးမြူရေးဇုံတွင် မွေးမြူလိုသော လုပ်ငန်းရှင်များအားရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံ လျှောက်လွှာများ လျှောက်ထားနိုင်ရေးအတွက် မွေးမြူရေးလုပ်ကိုင်သူ ( ၂၀) ဦး တို့အား သတ်မှတ်ထားသည့်အခြေခံ စည်းမျဉ်း များကိုအသိပေးချပြရှင်းလင်းပေးခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment