လူငယ်နှင့်စာပေအနုပညာပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် ဒုတိယနေ့ စည်ကားသိုက်မြိုက်စွာကျင်းပနေမှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်နှင့်စာပေအနုပညာပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် ဒုတိယနေ့ စည်ကားသိုက်မြိုက်စွာကျင်းပနေမှု ကြည့်ရှုအားပေး



MNP ၊ ဒီဇင်ဘာ ၂၂

လူငယ်နှင့် စာပေအနုပညာပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် ဒုတိယနေ့စည်ကားသိုက်မြိုက်စွာ ကျင်းပနေမှုကို ကြည့်ရှုအားပေးသည်။

ဦးစွာ လူငယ်နှင့်စာပေအနုပညာပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးသည် MRTV-4 ရုပ်သံလိုင်းမှ အစီအစဉ်တင်ဆက်သူများနှင့် ဇာတ်လမ်းတွဲသရုပ်ဆောင်များ ဦးဆောင်၍ “လူငယ်နှင့်အကောင်းမြင်စိတ်” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပဆွေးနွေးနေမှုကို တက်ရောက်ကြည့်ရှုအားပေးပြီး ဦးဆောင်ဆွေးနွေးပေးခဲ့ကြသည့် အနုပညာရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် MRTV-4 ရုပ်သံလိုင်းမှ အစီအစဉ်တင်ဆက်သူများနှင့် ဇာတ်လမ်းတွဲသရုပ်ဆောင်များက စာပေလေ့လာဖတ်ရှုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ စာပေနှင့်အနု ပညာကဏ္ဍမှတစ်ဆင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မှုအခြေအနေ၊ လူငယ်ဘဝတွင် တွေ့ကြုံရမည့် စိန်ခေါ်မှုများနှင့်ရင်ဆိုင်ကျော်လွှားနိုင်မည့် နည်းလမ်းများ၊ လူငယ်ဘဝမှစတင်၍ အကောင်းမြင်စိတ် မွေးမြူခြင်းအားဖြင့် အောင်မြင်မှုရရှိစေမည့် အခြေအနေများ၊ တိုင်းပြည်တာဝန်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် လူငယ်များအနေဖြင့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားအားထုတ်ရမည့် အခြေအနေတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် လူငယ်များ ဗဟုသုတရဖွယ်အကြောင်းအရာများနှင့် နိုင်ငံကျော်အနုပညာရှင်များ၏ ဖျော်ဖြေရေး အစီအစဉ်ကောင်းများလည်း ပါဝင်သည့်အတွက် ကျောင်းသားလူငယ်များအပြင် စိတ်ဝင်စားသည့် ပြည်သူများဖြင့်လည်း မြိုင်မြိုင်ဆိုင်ဆိုင် စည်ကားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးမှ အနုပညာရှင်များဖြစ်ကြသည့် ဒိန်းဒေါင်၊ ငြိမ်းချမ်း၊ အုန်းသီး၊ ချစ်စံ၊ ကျော်ထက်နှင့် အငြိမ့်မင်းသမီး နေခြည်ငြိမ်းချမ်းတို့က ပွဲတော်လာပြည်သူများ စိတ်အေး ချမ်းပျော်ရွှင်မှုရှိစေရန်အတွက် “ရွှေမြန်မာ” အငြိမ့်ဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရှုအားပေးသည်။

ယင်းနောက် လူငယ်နှင့်စာပေ အနုပညာပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးသည် ပွဲတော်အတွင်း ဝန်ကြီးဌာနအလိုက် စိတ်ဝင်စားဖွယ် ခင်းကျင်းပြသထားသည့် ပြခန်း၊ ပြကွက်များ၊ ကျောင်းသားလူငယ်များ စာပေနှင့် ရင်းနှီးပြီး စာပေ၏အကျိုးကျေးဇူးကို သိရှိနိုင်စေရန် စာအုပ်၊ စာစောင် ခင်းကျင်းပြသထားမှုများ၊ စိတ်ဝင်စားပျော်ရွှင်ဖွယ် စီစဉ်ဆောင်ရွက်ပေးထားသည့် ကစားနည်းများနှင့် ဉာဏ်စမ်းပဟေဠိ ကစားနည်းများတွင် ပွဲတော်လာပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေကြမှုများနှင့် ပွဲတော်လာပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် သုံးဆောင်နိုင်ရန် တိုင်းရင်းသားရိုးရာစားသောက်ဆိုင်များ ဖွင့်လှစ် ရောင်းချပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ပွဲတော်သို့ လာရောက်ကြသည့် ကျောင်းသားလူငယ်များနှင့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)