ဒါလားကွ NLD စိတ်ဓာတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒါလားကွ NLD စိတ်ဓာတ်



တိုင်းပြည်ကို တပ်မတော်က နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တယ်။ ဦးနေဝင်းလက်ထက်မှာရော ဦးသန်းရွှေလက်ထက်မှာပါ ပုန်ကန်မှုတွေ ရှိခဲ့ကြတယ်။ စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် ပြည်သူလူထု ဆင်းရဲတွင်းနက်ခဲ့တဲ့အတွက် တော်လှန်ပုန်ကန်မှုတွေကို ရဟန်းရှင်လူပြည်သူများက အားပေးထောက်ခံခဲ့ကြတယ်။

ရှစ်လေးလုံးအရေးတော်ပုံနှင့်အတူ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် မြန်မာ့နိုင်ငံရေးနယ်ပယ်ထဲကို ရောက်လာတဲ့အခါကြတော့ တိုင်းပြည်ကို ကောင်းမွန်တဲ့ အရွေ့တစ်ခုရောက်အောင်များ စွမ်းဆောင်နိုင်လေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရဟန်းရှင်လူ ပြည်သူများက တခဲနက်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။

ထိုစဉ်အချိန်ကစပြီး တပ်မတော်ခေါင်းဆောင်များအပေါ် မကျေနပ်မှုကို အခြေခံပြီး တပ်မတော်ကို အပုပ်ချပြောဆိုတဲ့ ဝါဒဖြန့်ချိမှုတွေ စတင်ခဲ့ကြခြင်း ဖြစ်ပါတယ်။ နိုင်ငံရေးသမားများရဲ့ ဝါဒဖြန့်ချိမှုဟာ အောင်မြင်တဲ့အတွက် ရဟန်းရှင်လူ ပြည်သူလူထုကြားထဲမှာလည်း တပ်မတော်အပေါ် မုန်းတီးစိတ်တွေ ကိန်းအောင်လာခဲ့တာ ယနေ့ မျိုးဆက်အထိလို့ ဆိုရမှာ ဖြစ်ပါတယ်။

တပ်မတော်အစိုးရအဆက်ဆက် အုပ်ချုပ်နေရာ ၂၀၀၈ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုနိုင်ခဲ့သလို ၂၀၁၀ မှာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်အောင် ဆောင်ရွက်ခဲ့ခြင်းဟာ ရဟန်းရှင်လူပြည်သူလူထုရဲ့ လိုလားတောင်းတမှုအပေါ် တပ်မတော်က အာဏာထိန်းချုပ်မှုကို လျော့ချပြီး လိုက်လျောဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တစ်နည်းအားဖြင့် တပ်မတော်ရဲ့ သဘောထား ပျော့ပျောင်းလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေလည်း မရေးဆွဲဘူး။ ဒီမိုကရေစီစနစ်ကို မဖော်ဆောင်ဘဲနဲ့ တပ်မတော်အရာရှိများသာ လက်ဆင့်ကမ်းပြီး တိုင်းပြည်အာဏာကို ထိန်းချုပ်ထားမယ်ဆိုရင်လည်း ရတဲ့ အနေအထားပဲ ဖြစ်ပါတယ်။

တပ်မတော်ရဲ့ သဘောထား ပျော့ပြောင်းလာတာကို အပြုသဘောဆန်ဆန် မြင်တတ်တဲ့ နိုင်ငံရေးသမားတိုင်း သိပါတယ်။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုချိန်မှာလည်း NLDပါတီနဲ့ ၈၈ ကျောင်းသားအိုကြီးများ အုပ်စုက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်ဖို့ လှုံ့ဆော်ခဲ့ကြသလို ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဆန့်ကျင် သပိတ်မှောက်ကြဖို့ လှုံ့ဆော်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ NLD ပါတီ ဦးဆောင်သူများအပိုင်းမှာ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေး နှစ်ခြမ်းကွဲခဲ့တဲ့ အခြေအနေမျိုး ဖြစ်ပေါ်ခဲ့ကြပါတယ်။ 

ပြည်သူလူထုအကျိုးကို လွှတ်တော်လမ်းကြောင်းကနေ ဖော်ဆောင်ရမယ်လို့ ယုံကြည်တဲ့ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေတို့က ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရောက်နိုင်ရေး အာသီသရှိကြပြီး အခြားသော NLD ခေါင်းဆောင်များနဲ့ ဆန့်ကျင်ဘက် ဖြစ်ခဲ့ကြပါတယ်။ နောက်ဆုံးတော့ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်တို့ ဦးဆောင်သော NLD ဦးဆောင်သူတချို့က အမျိုးသားဒီမိုကရေစီအင်အားစု(NLDF)ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP) တို့ကို ထူထောင်ပြီး လွှတ်တော်လမ်းကြောင်းပေါ် လျောက်လှမ်းခဲ့ကြပါတယ်။

တကယ်တော့ တပ်မတော်ဘက်က အလွန်အမင်း ပျော့ပျောင်းလာပြီး NLD အုပ်စုက အလွန်အင်မတန် တင်းမာတဲ့ အနေအထားကို မြင်တွေ့ခဲ့ရတဲ့ ကာလဖြစ်ပါတယ်။ တပ်မတော်ဘက်က NLD ပါတီ မှတ်ပုံတင်နိုင်ဖို့ကို လမ်းဖွင့်ပေးခဲ့တယ်။ NLD က တင်းမာတဲ့ သဘောထားရပ်တည်ချက်ကို ပြသခဲ့တယ်။ 

သို့ပေသော် ကိုယ့်စကားကို ကိုယ်တိုင်တန်ဖိုးထားခြင်းမရှိဘူး။ ခိုင်မာတဲ့ ရပ်တည်ချက်မရှိဘူးဆိုတာကို ၂၀၁၂ မှာပဲ မြင်တွေ့ခဲ့ရပါတယ်။ တပ်မတော်က ဖောက်ခဲ့တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မလျောက်ဘူး။ ပြည်သူလူထုအကျိုးကို ရတဲ့နေရာက ဆောင်ရွက်မယ်။ လမ်းဘေးမှာ အမှိုက်ကောက်မယ်လို့ ပြောခဲ့တဲ့ NLD ခေါင်းဆောင်တွေဟာ ၂၀၁၂ မှာ ဒီအတိုင်း ဆက်ပြီး ရပ်တည်နေရင်တော့ ဘေးရောက်တော့မယ်ဆိုတာကို သိလာတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပြီးချိန်မှာ NLD ပါတီကို မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့အထိ သဘောထား ပြောင်းလဲသွားခဲ့ပါတယ်။ 

ရှေးယခင်က မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်မှာ ရဲ၊ တရားသူကြီး၊ ထွေအုပ်ဆိုတာတွေဟာ အင်မတန် ပြောင်မြောက်သော အဂတိလိုက်စားသူများဖြစ်ခဲ့တယ်။ တကယ်တော့ ရဟန်းရှင်လူပြည်သူလူထုဟာ အဲဒီလို ပုဂ္ဂိုလ်တွေရဲ့ မတရားမှုတွေအပေါ် ရဲ၊ တရားသူကြီး၊ ထွေအုပ်တွေက ယုတ်မာနေတာပါလားလို့ မမြင်ဘဲ တပ်မတော်အစိုးရလက်ထက်မို့လိုသာ ဒီလိုလုပ်နေကြတာလို့ မြင်ကြပါတယ်။ ရဲ၊ တရားသူကြီး၊ ထွေအုပ်တွေ လုပ်တဲ့ မတရားမှုတွေအပေါ် NLD ဦးဆောင်သူတချို့က ပြည်သူများရှေ့က ထောင်မကြောက် တန်းမကြောက် မားမားမတ်မတ် ရပ်တည်ဆောင်ရွက်ပေးတဲ့ အခါကြတော့ ရဟန်းရှင်လူပြည်သူလူထုက NLD အပေါ် စိတ်ညွှတ်လာကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပါတီဖြစ်ခြင်းကြောင့် တစ်ကြောင်း၊ နိုင်ငံရေးအရ ပြောဝံ့ဆိုဝံ့တာက တစ်ကြောင်း ရဟန်းရှင်လူပြည်သူများရဲ့ အားကိုးယုံကြည်မှုကို ရခဲ့တယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်တွင်းရောက်လာတဲ့ NLD တွေရဲ့ ရပ်တည်ချက်ကို မြင်တွေ့လာရတဲ့အခါ အမျိုးသားရေးနဲ့ ဖီလာဆန့်ကျင်ဖြစ်တဲ့ အခြေအနေမျိုး မြင်တွေ့လာရတယ်။ တိုင်းရင်းသား ပြည်သူလူထုရဲ့ ယုံကြည်အားကိုးမှုနဲ့ လွှတ်တော်တွင်းရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD လွှတ်တော်ကိုယ်စားလှယ်တွေဟာ တိုင်းရင်းသားပြည်သူလူထုအကျိုးကို ဆောင်ရွက်လိုခြင်းထက် မလိုလားအပ်သော ခိုးဝင်ဘင်္ဂါလီအရေးကို အလေးထား လုပ်ဆောင်လာခဲ့တယ်။ ခိုးဝင်ဘင်္ဂါလီတွေရဲ့ လူမျိုးလိမ်အရေး လှုပ်ရှားမှုမှာ ပါဝင်ပတ်သက်လာကြတယ်။ 

သူတို့ရဲ့ ရပ်တည်ချက်၊ လုပ်ဆောင်ချက်တွေကြောင့် သံဃာတော်တွေရဲ့ အားပေးထောက်ခံမှု လျော့ကျလာခဲ့တယ်။ အခြားသော NLD လွှတ်တော်အမတ်များဆိုသည်က ဒေါ်အောင်ဆန်းစုကြည် ထမီနားခိုပြီး ရှင်သန်ကြသူတွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ အစွမ်းအစကို မမြင်ရပါဘူး။ ဒေါ်အောင်ဆန်းစုကြည် က တိုင်းရင်းသား ပြည်သူအကျိုးကို အလေးထားရင် အခြားသော လွှတ်တော်အမတ်တွေရဲ့ ရပ်တည်ချက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်တူဖြစ်မယ်။ တိုင်းရင်းသား ပြည်သူလူထုအတွက် ကောင်းကျိုးဖြစ်မယ်။ ဒေါ်အောင်ဆန်းစုကြည် က လူမျိုးလိမ်လှုပ်ရှားမှုဘက်က ပါဝင်ရပ်တည်တဲ့အခါ NLD လွှတ်တော်အမတ်တွေရဲ့ ရပ်တည်ချက်သည်လည်း ဘာသာ သာသနာအပေါ် အခွင့်သာရင် သာသလို စော်ကားပြောဆိုလာတဲ့ အခြေအနေမျိုး မြင်တွေ့လာရတယ်။ 

ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်စွဲနဲ့ ထောက်ခံအားပေးကြသူတွေဟာ အချစ်လွန်ခြင်းကြောင့် မှားယွင်းတဲ့ ရပ်တည်ချက်တွေအပေါ် အပြစ်မမြင်တော့ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ထောက်ပြသူများအပေါ် ရန်သူလို သဘောထားပြီး စော်ကားပြောဆိုမှုတွေ လုပ်ဆောင်လာကြတယ်။ တည့်တည့်ပြောရရင် NLD နဲ့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးဟာ ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်စရာ အကြောင်းလုံးဝမရှိခဲ့ပါဘူး။ NLD ပါတီသည်လည်း ပြည်သူလူထုအကျိုးကို ဆောင်ရွက်မှာ ဖြစ်သလို အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးသည်လည်း အများပြည်သူအကျိုး တတ်စွမ်းရာကနေ ကူညီဆောင်ရွက်ခြင်း သဘောပဲ ဖြစ်ပါတယ်။

အထူးအားဖြင့် ဒေါ်အောင်ဆန်းစုကြည် ကို လူမျိုးခြား ဘာသာခြားများက နားပေါက်အောင် စကားနာထိုးနိုင်တဲ့အပြင် ငွေကြေးလာဘ်လာဘနဲ့ ဝင်ရောက်နိုင်တဲ့အခါကြတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် က အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးအပေါ် ရန်သူလို ရှုမြင်လာတယ်။ အာဏာရလာတဲ့အချိန်မှာ အစွမ်းကုန် ဖိနှိပ်ဖို့ လုပ်ဆောင်လာခဲ့တယ်။ အပြုသဘောဆန်ဆန် လက်တွဲဆောင်ရွက်လိုခြင်း မရှိခဲ့ပါဘူး။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးကို ဦးဆောင်တဲ့ အင်းစိန်ရွာမဆရာတော် အပါအဝင် ဆရာတော်သံဃာတော်အများစုဟာ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေသာ များပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အတွက် NLD အတွက် ပေးဆပ်ခဲ့ဖူးကြသူတွေ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်အားကိုးခဲ့ကြတဲ့ ဆရာတော်သံဃာတော်များမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီရဲ့ မလိုလားအပ်သော တုန့်ပြန်မှုကို ရရှိလိုက်တဲ့အချိန်မှာလည်း မေတ္တာဖြင့် တုန့်ပြန်ရုံမျှတပါး အခြားမရှိခဲ့ပါဘူး။ တကယ်ဆိုရင် NLD ပါတီက အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးကို ပစ်မှတ်ထား တိုက်ခိုက်လာတဲ့အချိန်မှာ သံဃာငယ်တွေ၊ လူပုဂ္ဂိုလ်တွေက ပြတ်ပြတ်သားသား တုန့်ပြန်ဖို့ အာသီသ ပြင်းပြခဲ့ကြပါတယ်။ သို့ပေသော် အင်းစိန်ဆရာတော်ကြီးရဲ့ သြဝါဒကိုတော့ မည်သူမျှ လွန်ဆန်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဆရာတော်ကြီးက မလုပ်ရဘူးလို့ ပြောရင် အားလုံးရဲ့ ဆန္ဒတွေကို မြိုသိပ်ပြီး လူစုခွဲကြရတာပဲ ဖြစ်ပါတယ်။

ပြန်မြင်ယောင်ကြည့်စမ်းပါ။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်ခြင်းမရှိတဲ့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး ဆိုင်းဘုတ်တွေကို NLD အစိုးရက အဓမ္မဖြုတ်ချဖို့ ကြိုးပမ်းခဲ့တယ်။ ဆရာတော်ကြီးတွေက ဘာများ ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့တာ ရှိသလဲ။ NLD အစိုးရက အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးကို ရန်ပြုစော်ကားလာခြင်း ဖြစ်သော်လည်း ရန်ကို ရန်ချင်း မတုန့်နှင်းခဲ့ပါဘူး။

NLD ဦးဆောင်သူများကဲ့သို့ ယုတ်မာကောက်ကျစ်သော စိတ်ဓာတ်နဲ့ ရန်ကို ရန်နဲ့ တုန့်ပြန်ခဲ့မယ်ဆိုရင် ၂၀၁၆ - ၂၀၂၀ ကာလအတွင်းမှာပဲ တိုင်းပြည်မှာ ဗလောင်ဆူနေမှာ ဖြစ်ပါတယ်။ ဆရာတော် သံဃာတော်များက ထိန်းသိမ်းခဲ့တယ်။ NLD အစိုးရ ယုတ်မာရိုင်းစိုင်းသမျှကို ခေါင်းငုံ့ခံပေးခဲ့တယ်။ မေတ္တာနဲ့ တုန့်ပြန်ခဲ့တယ်။

အနှစ်ချုပ်ပြီး ပြောရရင် ရဟန်းရှင်လူပြည်သူများက ဒေါ်အောင်ဆန်းစုကြည်ကို အားပေးခဲ့တယ်။ NLD ကို ဝန်းရံပေးခဲ့ကြတယ်ဆိုတာဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက တိုင်းပြည်နဲ့ လူမျိုး ကောင်းကျိုးဆောင်ရွက်နိုင်စေဖို့အတွက် အားပေး ဝန်းရံခဲ့ကြခြင်း မဟုတ်ပါလား။

အာဏာရှိစဉ်မှာလည်း တိုင်းပြည်နဲ့ လူမျိုးကို ကောင်းကျိုး မပြုခဲ့ဘူး။ တိုင်းတပါးသား ခိုးဝင်တွေ အရေးကို အလေးထားပြီး လုပ်ဆောင်ခဲ့တယ်။ အာဏာလက်မဲ့ ဖြစ်သွားပြန်တော့လည်း အာဏာရမ္မက်ထပြီး အကြမ်းဖက်လှုံ့ဆော်မှုတွေ ပြုလုပ်ကြတယ်။ တပ်မတော်မုန်းတီးရေး လုပ်ကြံဖန်တီး ဝါဒဖြန့်ပြီး ပြည်သူအချင်းချင်း ရက်စက်စွာ သတ်ဖြတ်ခိုင်းနေကြတယ်။ သံဃာတော်တွေ၊ ဆရာ/ဆရာမတွေမပါမချန် တခြားသော ပါတီအဖွဲ့အစည်းဝင်တွေ၊ အစိုးရဝန်ထမ်း၊ ကိုယ်ဝန်ဆောင်သည်၊ ကလေးငယ်ပါမချန် ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ခဲ့ကြတယ်။ 

တိုင်းပြည်နဲ့ လူမျိုး အပေါ် အခုလို ရက်စက်ယုတ်မာမယ့် ပါတီမျိုးဆိုရင် ရဟန်းရှင်လူပြည်သူလူထုက ဘယ်အားပေးကြမလဲ။ ဗိုလ်ချုပ်သမီး ဦးဆောင်တဲ့ပါတီက တိုင်းပြည်နဲ့ လူမျိုးအကျိုးကို သယ်ပိုးထမ်းရွက်နိုင်လိမ့်မယ်၊ ကောင်းကျိုးပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ချက်ထားပြီး ယုံကြည်အားကိုးခဲ့ကြတယ်။ တိုင်းပြည်နဲ့ လူမျိုးကို ကောင်းကျိုးမပြုတဲ့အပြင် မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံး ရက်စက်ယုတ်မာသော ပါတီအဖွဲ့အစည်းအဖြစ် မြင်တွေ့လိုက်ရတယ်။

ဒါလားကွ NLD စိတ်ဓာတ် -

ဒီမိုကရေစီအရေးတော်ပုံလို့ ကြွေးကြော်ပြီး ဒီမိုကရေစီစံနှုန်းတွေကို ချိုးဖောက်နေတဲ့ NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာတွေရဲ့ သရုပ်မှန်ကို မြင်တွေ့လာရတယ်။ လူ့အခွင့်အရေးကို အသံကုန်ဟစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဆိုးဆုံးအခြေအနေထိရောက်အောင် လုပ်ဆောင်နေတဲ့ NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာတွေရဲ့ မင်းသားခေါင်းလည်း ကွာကျသွားခဲ့ပြီ။ ဘီလူးခေါင်း(လုပ်စားသရုပ်မှန်) ပေါ်လာခဲ့ပြီ။ လူသားချင်းစာနာထောက်ထားရမယ်ဆိုတဲ့ စကားကို တွင်တွင်သုံးပြီး တိုင်းတပါးသား ခိုးဝင်တွေကို အကာအကွယ်ပေးတယ်။ ကိုယ့်တိုင်းရင်းသား ပြည်သူအချင်းချင်း ရက်စက်ယုတ်မာဖို့ ဝန်မလေးတဲ့ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာ NLD ဦးဆောင်သူတွေနဲ့ NLD ကို အစွန်းရောက် ထောက်ခံအားပေးသူတွေရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ဟာ မြန်မာ့သမိုင်းမှာတော့ ကမ်းကုန်အောင် ရက်စက်ယုတ်မာသူများအဖြစ် မြင်တွေ့ခဲ့ကြရပါပြီတကား ။  ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)