ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၇)ရပ်ကွက်တွင် NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ဦး ထိခိုက်ဒဏ်ရာရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၇)ရပ်ကွက်တွင် NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ဦး ထိခိုက်ဒဏ်ရာရ


MNP ၊ ဒီဇင်ဘာ ၂၂

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၇)ရပ်ကွက်၊ ဇေယျာမြိုင်လမ်းတွင် ၂၁-၁၂-၂၀၂၃ ရက်နေ့ (၈ ၀၅) အချိန်ခန့်က NLD အစွန်းရောက် အကြမ်းဖက်သမားများက Bluetooth ဆောင်းဘောက်ဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အမျိုးသမီး ၁ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဒေါ်စန်းနွဲ့ (ကွမ်းယာရောင်းသူ)သည် ကွမ်းယာရောင်းရန် ဆိုင်သို့ ရောက်ရှိပြီး ကွမ်းယာဆိုင်ထိုင်ခုံအောက်တွင် Bluetooth ဆောင်းဘောက်(၁)ခုအား တွေ့ရှိသဖြင့် ကောက်ယူလိုက်စဉ် အဆိုပါ Bluetooth ဆောင်းဘောက်မှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ဒေါ်စန်းနွဲ့ ၌ မျက်နှာတွင် ပေါက်ကွဲစထိမှန်ဒဏ်ရာများ၊ ယာလက်ချောင်း (၃)ချောင်း ပြတ်ထွက်ဒဏ်ရာ၊ ယာလက်ဖဝါးနှင့် ဝဲလက်တို့တွင် ပေါက်ပြဲဒဏ်ရာ၊ ဝဲပေါင် ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)