ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ Naypyitaw State Academy ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ Naypyitaw State Academy ကြည့်ရှုစစ်ဆေး



MNP ၊ ဒီဇင်ဘာ ၂၂

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး‌ ဒေါက်တာဇော်မြင့်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က Naypyitaw State Academy သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ဆဲစာသင်ဆောင်များ အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးမြောက်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများ နေထိုင်စားသောက်ရေး၊ သွားလာရေး၊ ပညာသင်ယူရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများ၊ လက်တွေ့ခန်းများတွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဘာသာရပ်အလိုက် ပညာသင်ယူနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါတက္ကသိုလ်ခန်းမတွင် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများနှင့်သင်ကြား စီမံဝန်ထမ်းများကိုတွေ့ဆုံ၍ Naypyitaw State Academy ကို နိုင်ငံတော်၏ ထိပ်တန်းတက္ကသိုလ် တစ်ခုဖြစ်အောင် ဦးတည်ချက်ထားဆောင်ရွက်နေပါ ကြောင်း၊ Naypyitaw State Academy မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် အစဉ်လေ့လာသင်ယူ၍ အမြဲမပြတ်ကြိုးစားနေရန် လိုအပ်ပါကြောင်း၊ အားလုံးက ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် Naypyitaw State Academy အတွင်းရှိ စားသောက် ဆိုင်တန်းများကို သွားရောက်စစ်ဆေးကြည့်ရှု၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ သုတေသနစာတမ်းဖတ်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။


အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုလာမည့် ဇန်နဝါရီလတွင် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ သုတေသနစာတမ်းဖတ်ပွဲကို နေပြည်တော်တွင် နိုင်ငံတော်အဆင့် ခမ်းခမ်းနားနား ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့မှ ဆရာကြီး၊ ဆရာမကြီးများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များအနေဖြင့် သက်ဆိုင်ရာဘာသာရပ်အလိုက် အရည်အသွေးရှိ သောစာတမ်းများ ဖတ်ကြားနိုင်ရေး၊ တက္ကသိုလ်အလိုက် ပြခန်းများပြသနိုင်ရေးအတွက် လိုအပ်သည်များကို ယခုအစည်းအဝေးတွင် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။


ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်းတို့က သုတေသနစာတမ်း ဖတ်ပွဲဖတ်ကြားမည့်အစီအစဉ်များ၊ တက္ကသိုလ်အလိုက် ပြခန်းများပြသမည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များကို ပြောကြားသည်။


ယင်းနောက် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဆရာကြီး၊ ဆရာမကြီးများနှင့် ပါမောက္ခချုပ်များက သုတေသနစာတမ်းဖတ်ပွဲဖြစ်မြောက်ရေးအတွက် လိုအပ်သည်များကို အကြံပြုဆွေးနွေးပြောကြားကြသည်။ ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုးဝင်းနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းတို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုလေ့လာ၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)