MNP ၊ ဒီဇင်ဘာ- ၁၅
မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဗလငါးတန်နှင့် ပြည့်စုံစေရန်ရည်ရွယ်၍
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ကို ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းက ရွှေတောင်မြို့နယ်၊ အလက ၊မယားမာန်ကျောင်း ယုဇနဆောင် ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရွှေတောင်မြို့နယ်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း နှင့် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးကိုကိုဦးတို့က အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က အသိပညာဗဟုသုတများ တိုးပွားစေရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရန်နှင့်စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ယုနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်နှင့်
ဒုတိယ အလယ်တန်းပြဆရာမ ဒေါ်စုစုနိုင် တို့က
ဦးဆောင်ဆွေးနွေးသူများအဖြစ် ဆောင်ရွက်ပြီး အလက၊ မယားမာန်ကျောင်းမှ Grade-9 ကျောင်းသူ မမိုးယုဇင်က လူငယ်နှင့် ကျန်းမာရေး၊ မငြိမ်းသီရိစံက လူငယ်နှင့် စာပေ၊ Grade-8 ကျောင်းသား မောင်ဟိန်းထက်ဇော်က လူငယ်နှင့် မူးယစ် ဆေးဝါး၊ Grade-9 ကျောင်းသူ မသူသူထွန်းက လူငယ်နှင့် နည်းပညာ၊ မဆောင်းသဇင်ဦးက လူငယ်နှင့် အားကစား စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသူကျောင်းသား၊ကျောင်းသူများက ကဏ္ဍအလိုက်သိရှိလိုသည်များအားမေးမြန်းကြရာ ဦးဆောင်ဆွေးနွေးကြသူများကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါးအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး ခင်းကျင်းပြသထားသော နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲများကို တက်ရောက် လာကြသောကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment