ရသေ့တောင်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ “နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ“ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရသေ့တောင်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ “နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ“ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်


MNP ၊    ဒီဇင်ဘာ   ၁၅

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက “နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူဟိန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးဝန်ထမ်းများအနေဖြင့် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်နှင့်တာဝန်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး “နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်” အခန်း(၁၅) ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်ဒဏ်များ  စာပိုဒ်ပါ ကြောင်းအရာများထဲမှ အလုပ်ချိန်နှင့်သက်ဆိုင်သည့် ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်မှုတစ်ခုခု အတွက် ဝန်ထမ်းကိုဌာနဆိုင်ရာမှအရေးယူအပြစ်ပေးနိုင်သည့်အချက်များ၊ တာဝန်ထမ်းဆောင်မှု လုပ် ရည်ကိုင်ရည်တို့နှင့်ပတ်သက်၍ ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်မှုတစ်ခုခုအတွက် ဝန်ထမ်းကိုဌာနဆိုင်ရာ မှ အရေးယူအပြစ်ပေးနိုင်သည့်အချက်များ စသောအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။ 

      ထို့နောက် ဦးထွန်းလင်းကျော်(ဓါတ်ပုံကျွမ်း

ကျင်-၂)နှင့် ဒေါ်အေးအေးခင်(လုပ်သားရုပ်သံ) တို့က ခွင့်ခံစားခြင်း စာပိုဒ်ပါအကြောင်းအရာများထဲမှ ခွင့်အမျိုးအစားများနှင့်ပတ်သက်

၍လည်းကောင်း ဆွေးနွေးကြပြီး ရုံးဝန်ထမ်းများမှ သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။ 


ထွန်းလင်းကျော် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)