MNP ၊ ဒီဇင်ဘာ ၁၈
ပဲ ခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အထက( ခွဲ) သရက်တော ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ရှေးဦးပြုစုခြင်း ( အခြေခံ) သင်တန်း (၁/ ၂၀၂၃)သင်တန်း ဆင်းပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ရွှေတောင်မြို့နယ် ကြက်ခြေနီ အသင်းခွဲဥက္ကဌ ဦးစိုးမြင့်အောင်ကထပ်ဆင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။ထို့နောက် ရွှေတောင်မြို့နယ် ကြက်ခြေနီမြို့နယ်တပ်ဖွဲ့မှူး ဦးအောင်ကျော်ကျော်မှ သင်တန်းဖွင့်လှစ်ရခြင်းအပေါ် ပူးပေါင်း ဆောင်ရွက်ပေးခဲ့သောကျောင်းအုပ်ဆရာမကြီးနှင့်သင်တန်းနည်းပြဆရာ/ဆရာမ ၊သင်တန်းသား၊သင်တန်းသူများအား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ သင်တန်း သား ( ၃၀)ဦးတက်ရောက်ခဲ့ပြီး ရှေးဦးပြုစုခြင်း ( အခြေခံ) သင်တန်းတွင်ထူးချွန်သင်တန်းသား/သူတို့အား (ပထမ၊ဒုတိယ၊တတိယ)ဆုများအား အသီးသီးဆုချီးမြှင့်ခဲ့ပြီးသင်တန်းသား၊သင်တန်းသူများအားသင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment