MNP ၊ဒီဇင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့ဝင်များမှ စာရေးဆရာကျော်ကျော်လှိုင် ရေးသားသော ပျော်ရွှင်ခြင်းစာအုပ်မှ မိမိဘဝကိုတိုးတက်အောင် နေ့စဉ်အကောင်းဆုံးကြိုးစားခြင်း၊ ကိုယ်ချင်းစာတရားလက်ကိုင်ထားခြင်း၊ အများအကျိုးကိုဆောင်ရွက်ခြင်းတို့သည် ကျွန်တော့်ကို ပျော်ရွှင်မှုအများဆုံးပေးနိုင်သော အရာများဖြစ်ပါသည်။ အောင်မြင်နေသူတိုင်း ပျော်ရွှင်ချင်မှပျော်ရွှင်ပါမည်။ သို့သော် ပျော်ရွှင်နေသူတိုင်းကတော့ အောင်မြင်သူများဖြစ်ပါသည်။ ပျော်ရွှင်ချင်ရင် လောကကြီးကတရားတယ်၊ မတရားတယ် စဉ်းစားမနေပါနှင့်၊ မိမိဘဝကိုသာ အကောင်းဆုံးလုပ်ပါ စသည်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment