MNP ၊ဒီဇငျဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သည် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ယူရာတွင် မြန်ဆန်စေရေးနှင့် အာဟာရကျွေးမွေးမှု၊ ထောက်ပံ့ပေးမှုအား လိုက်လံကြည့်ရှု အားပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေ ထုတ်ယူရာတွင် မြန်ဆန်စေရေးနှင့် အာဟာရ ကျွေးမွေးမှု၊ ထောက်ပံ့ပေးမှုအား သွားရောက်ကြည့်ရှု အားပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များက ပင်စင်စားများ ပင်စင်ထုတ်ပေးရာတွင် မြန်ဆန်စေရေး၊ ပင်စင်ထုတ်သူများအား မြန်မာ့စီးပွားရေးဘဏ်မှ အာဟာရ ကျွေးမွေးကူညီပေးမှုနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ထောက်ပံ့ပေးမှု၊ မြို့နယ်ဆေးရုံမှ ဆရာဝန်နှင့်ဆရာမများက ကျန်းမာရေး စစ်ဆေးပေးပြီး ဆေးရုံသို့ သွားရောက်ပြသရန် လိုအပ်သူများကို ပြသနိုင်ရန် စီစဉ်ဆောင်ရွက် ထားရှိမှုတို့အား လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
ကျိုက်လတ်မြို့နယ်အနေဖြင့် အငြိမ်းစား ပင်စင်စား ဦးရေ ကျား (၆၅၀)ဦး၊ မ(၆၃၂)ဦး၊ စုစုပေါင်း (၁၂၈၂)ဦးရှိပြီး သက်ကြီးပင်စင်စားများနှင့် နာမကျန်းသူများအား ဦးစားပေး၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိပြီး ဒီဇင်ဘာလအတွက် ပင်စင်လစာငွေများကို (၂၁)ရက်နေ့မှစ၍ နံနက် (၈) နာရီမှ မွန်းလွဲ (၂)နာရီအတွင်း လာရောက်ထုတ်ယူသူအားလုံးကို ထုတ်ပေးလျက်ရှိပြီး လာရောက် မထုတ်ယူနိုင်သူများကို (၂၀၂၄)ခုနှစ် ဇန်နဝါရီလ လဆန်းပိုင်းတွင် ဘဏ်ဖွင့်ချိန်အတွင်း ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် အငြိမ်းစား ပင်စင်လစာငွေများကို ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးက ကိုယ်စားလှယ် လွှဲစာဖြင့် ကိုယ်စား ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရ သိရသည်။
လှိုင်မင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment