ဒေးဒရဲမြို့၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် (Grade-5) မြို့နယ်အဆင့် နောက်ဆက်တွဲ သင်တန်းဖွင့်လှစ် ပို့ချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် (Grade-5) မြို့နယ်အဆင့် နောက်ဆက်တွဲ သင်တန်းဖွင့်လှစ် ပို့ချပေးလျက်ရှိ


MNP ၊ဒီဇင္ဘာ ၂၇

ဧရာဝတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်စေရန်နှင့် သင်ခန်းစာများကို ကျွမ်းကျင်စွာ သင်ကြားပေးနိုင်ရန် ရည်ရွယ်၍ မြို့နယ်ပညာရေးဌာနမှ ဦးဆောင်ကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် (Grade-5) မြို့နယ်အဆင့် နောက်ဆက်တွဲသင်တန်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ဒီဇင်ဘာလ ၂၆ ရက်နေ့ထိ ဒေးဒရဲမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများရှိ Grade-5 အတန်းတွင် ပညာသင်ကြားပေးနေသော ဆရာ/ဆရာမ (၁၁၉)ဦး တက်ရောက်ကြပြီး နည်းပြဆရာ/ဆရာမ (၆)ဦးတို့က မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံဘာသာရပ်၊ လူမှုရေးဘာသာရပ်များနှင့် နောက်ဆက်တွဲ Grade-5 သင်ရိုးသစ် ဘာသာရပ်ဆိုင်ရာများကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့ထိ ၄ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)