NUG အကြမ်းဖက်အဖွဲ့ဘက်မှ ရပ်တည်၍ အကြမ်းဖက်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည့် အရှေ့တီမော သမ္မတအား ကန့်ကန့်ကွက်ရှုန်ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG အကြမ်းဖက်အဖွဲ့ဘက်မှ ရပ်တည်၍ အကြမ်းဖက်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည့် အရှေ့တီမော သမ္မတအား ကန့်ကန့်ကွက်ရှုန်ချ







MNP ၊ ဒီဇင်ဘာ ၁၃

NUG အကြမ်းဖက်အဖွဲ့ဘက်မှ ရပ်တည်၍ အကြမ်းဖက်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည့် အရှေ့တီမော သမ္မတအား ကန့်ကန့်ကွက်ရှုန်ချပွဲကို ရန်ကုန်မြို့တွင် ယနေ့ ညနေပိုင်းက အမျိုးသားရေးဆရာတော်များနှင့် ပြည်သူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်တွင်းရေးကိုဝင်ရောက် စွက်ဖက်နေသော တီမောလက်စ် နိူင်ငံနှင့် ပြည်ပနိူင်ငံများအား ဆန်ကျင်ရှုတ်ချပွဲကို မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) နှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး တပ်မတော်သားများကို NUG အကြမ်းဖက်အဖွဲ့မှ ပါဝင်တိုက်ခိုက်ရန် လှုံ့ဆော်ပြောဆိုခဲ့သည့် အရှေ့တီမောသမ္မတ ၏ ပြောဆိုမှုကို ကန့်ကွက်ရှုတ်ချကြောင်း မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)မှ အရှင်ပညာဝံသ နှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများထဲမှ ရှေ့နေဦးအေးပိုင်၊ ဒေါ်သီရိနေလင်း တို့ က ဆွေးနွေး ပြောဆိုသွားခဲ့ကြောင်း သိရသည်။

အရှေ့တီမောသမ္မတနိုင်ငံမှ သမ္မတဟိုဆေးရာမို့စ် သည် NUG အကြမ်းဖက်အဖွဲ့ဝင်များကို လက်ခံတွေ့ဆုံပြီး အကြမ်းဖက်အဖွဲ့ဘက်မှ ရပ်တည်ဆောင်ရွက်မှုများ လုပ်ဆောင်လာခြင်းကြောင့် အရှေ့တီမောသံရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများကို မြန်မာနိုင်ငံမှ မောင်းထုတ်ခဲ့ရပြီးဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)