တာချီလိတ်မြို့တွင် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့တွင် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပမည်

MNP ၊ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ တာချီလိတ်မြို့တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပသွားမည်ဖြစ်သောကြောင့် အားကစားဝါသနာရှင်များအနေဖြင့် ဒီဇင်ဘာလ ၃၀ ရက် နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ ဘော်လီဘောစသည့် အားကစားနည်း ၄ မျိုးအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ကြိုတင်ကျင်းပပြုလုပ်သွားမည်ဖြစ်သောကြောင့် ပြိုင်ပွဲဝင်လိုသူများ အနေဖြင့် ဒီဇင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းရန်နှင့် ခေါင်းအုံးရိုက်၊ ချောတိုင်တက်၊ အပြေးစသည့် ရိုးရာအားကစားနှင့် ပျော်ပွဲရွှင်ပွဲများကို ဇန်နဝါရီလ ၄ ရက်၊ နံနက် ၇ နာရီအချိန်တွင် မြို့မအားကစားကွင်း၌ စတင်ကျင်းပသွားမည်ဖြစ်ပြီး အားကစားဝါသနာရှင် မိဘပြည်သူများ အနေဖြင့် မြို့နယ် အား/ကာရုံးသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ကြိုတင်ကျင်းပမည့် အားကစားနည်း ၄ မျိုးအား ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် ဘောလီဘောပြိုင်ပွဲကို ဦးအာကာ ၀၉-၅၂၄၂၂၇၈၊ ပိုက်ကျော် ခြင်းပြိုင်ပွဲကို ဦးမင်းခဇာနည် ၀၉-၂၅၃၆၄၀၀၄၄၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ဦးမန်ဂျယ် ၀၉-၂၆၀၈၉၅၅၅၄၊ စစ်တုရင်ပြိုင်ပွဲကို ဦးဖြိုးမင်းဦး ၀၉-၂၅၈၉၀၄၂၄၅၊ မြို့နယ်အားကစားမှူး ဦးသန်းလှိုင် ၀၉-၄၂၈၂၁၁၉၆၉ သို့ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)