ချောင်းဆုံမြို့နယ် ကရင်ဝင်းစိန်(အ.ထ.က-ခွဲ)ကျောင်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဆုံမြို့နယ် ကရင်ဝင်းစိန်(အ.ထ.က-ခွဲ)ကျောင်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်




MNP ၊ဒီဇင်ဘာ ၁၃

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ပြည်သူများ လူကုန်ကူးမှုအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မော်လမြိုင်ခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု  အမှတ်(၉)နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ (၂)နာရီက ကရင်ဝင်းစိန်(အ.ထ.က-ခွဲ)ကျောင်းတွင် ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်(ပြန်/ဆက်)ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိသူဇာက အသိပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်း ရည်ရွယ်ချက်နှင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ပြောကြားကာ မော်လမြိုင်ခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု  အမှတ်(၉)မှ ရဲအုပ် စိုးကျော်က လူကုန်ကူးမှုအန္တရာယ်များအကြောင်း၊ လူကုန်ကူးခံရခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ရှောင်ရန်၊ ဆောင်ရန် အချက်များ၊ လူကုန်ကူးခံရပါက အကူအညီတောင်းခံနိုင်သည့် နည်းလမ်းများ စသည်တို့ကို ဟောပြောဆွေးနွေးခဲ့သည်။

ယင်းနောက် ကျောင်းသား/သူများ သိရှိလိုသည်များကို ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ပြီး အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် မွန်၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)