PDF အမည်ခံအကြမ်းဖက်သမားများက လောင်းလုံးမြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် အပြစ်မဲ့ပြည်သူ နှစ်ဦး သေဆုံး၊ ကလေးငယ်လေးဦးအပါအဝင် ရှစ်ဦးဒဏ်ရာရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

PDF အမည်ခံအကြမ်းဖက်သမားများက လောင်းလုံးမြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် အပြစ်မဲ့ပြည်သူ နှစ်ဦး သေဆုံး၊ ကလေးငယ်လေးဦးအပါအဝင် ရှစ်ဦးဒဏ်ရာရရှိ


 

MNP ၊ ဒီဇင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံး မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ရုံးအား ယမန်နေ့ နံနက် ၉ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားစဉ် မြို့ပြင်အရောက်၌ ရပ်ကွက်အတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ ပြည်သူနှစ်ဦး သေဆုံးပြီး ကလေးငယ်လေးဦးအပါအဝင် အပြစ်မဲ့ပြည်သူ ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ PDF အမည်ခံအကြမ်းဖက်သမားများသည် လောင်းလုံးမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ရုံးအား မီးရှို့ဖျက်ဆီးသွားပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားစဉ် လောင်းလုံးမြို့၏ အရှေ့တောင်ဘက် မီတာ ၁၁၀၀ ခန့်အကွာမှ လောင်းလုံးမြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ရာ(ခ)ရပ်ကွက် အောင်ချမ်းသာဘုရားကြီးအနီးရှိ ဆောက်လုပ်ရေးကုမ္ပဏီမှ အလုပ်သမားတန်းလျားသို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် အဆိုပါအလုပ်သမားတန်းလျားတွင် နေထိုင်သည့် အပြစ်မဲ့ပြည်သူအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးကာ အပြစ်မဲ့ကလေးငယ်လေးဦးအပါအဝင် ရှစ်ဦးဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့သည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များက လောင်းလုံး မြို့မှ ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ PDF အမည်ခံအကြမ်းဖက်သမားများ၏ လူမဆန်သောလုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုများအပေါ် ဒေသခံပြည်သူများအနေဖြင့် ရွံရှာမုန်းတီးလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)