MNP ၊ ဒီဇင်ဘာ ၃၀
မုံရွာမြို့နယ်တွင် နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲများသည် ဒီဇင်ဘာလ ၂၉ ရက် နံနက် ၅ နာရီခန့်တွင် ညောင်ပင်ရွာသစ်ကျေးရွာအနီးရှိ PDF အကြမ်းဖက်စခန်းမှ နီပိန်း ပဒက် အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး နီပိန်း ပဒက် အကြမ်းဖက်သမားများက ဖမ်းဆီးထားသည့် အပြစ်မဲ့ ပြည်သူ ၆ဦး ကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိတွေ့မှုဖြစ်စဉ်အတွင်း PDF နီပိန်း ပဒက် အကြမ်းဖက်သမား ၁ လောင်း၊ RPG သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၃ လက်၊ ၅.၅၆ မမကျည် ၁၇၀၀ တောင့်၊ အမ်-၂၂ ကျည် ၂၀၀ တောင့်၊ စနိုက်ဘာကျည် ၄၀ တောင့်၊ RPG ဒုံးသီး ၁ လုံး၊ လက်လုပ်ရှော့တိုက်ဒုံးသီး ၁ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ကား ၇ စီး၊ တဲ ၄ လုံး၊ WY အမျိုးအစား မူးယစ်ဆေးပြား ၂၀၀၀ ပြား၊ ဘိန်းဖြူမှုန့် (ပက်နဆလင်ပုလင်း) ၁၀ လုံး တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment