ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ( YRTC )၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အသိပေးရှင်းလင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ( YRTC )၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အသိပေးရှင်းလင်းပွဲကျင်းပ

 




MNP ၊   ဒီဇင်ဘာ     ၃၁

ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများအနေဖြင့် မြို့တွင်းခရီးသွားလာရာတွင် ဘေးကင်းလုံခြုံပြီး အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )မှ ဆောင် ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းမျာနှင့် စပ်လျဉ်း၍ မီဒီယာများနှင့် တွေ့ဆုံပြီး ပြည်သူများထံသို့ အသိပေးရှင်းလင်းပွဲ (၁၀/၂၀၂၃)ကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )မှ တွဲဖက်အတွင်း ရေးမှူး ဦးလျန်ကျင့်မန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသောမီဒီယာများက ရန်ကုန်တိုင်းဒေသကြီး အတွင်း ပြေးဆွဲနေသော ‌YBS ယာဉ်လိုင်းများတွင် ယာဉ်စည်းကမ်း ဖောက်ဖျက်သည့် YBS ခရီးသည်တင်ယာဉ်များအား ပြစ်မှု ပြစ်ဒဏ်ချမှတ် အရေးယူဆောင်ရွက်နေသည့် အခြေအနေများ၊ ‌YBS ယာဉ်လိုင်းများတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှုများ၊ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော City Taxi ယာဉ်များအား အခြားသောယာဉ်များနှင့် ကွဲကွဲပြားပြား ထင်သာ မြင်သာရှိစေရန်၊ မြို့တော်အင်္ဂါရပ်နှင့်အညီ ဖြစ်စေရန်၊ လုံခြုံမှုရှိစေရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန်နှင့် နိုင်ငံတကာတက္ကစီယာဉ်များနည်းတူ စီးတီးတက္ကစီယာဉ်များ၏ ဘေးနှစ်ဖက်ကိုယ်ထည်တွင် အဝါရောင်လိုင်း စတစ်ကာ တပ်ဆင်ထည့်သွင်းပေးနေမှုနှင့် ပြီးစီးမှုအခြေအနေများ၊ အဝါရောင်လိုင်း စတစ်ကာ တပ်ဆင်ထည့်သွင်းခြင်း မရှိပါက ယာဉ်အန္တ ရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည့် အခြေအနေများ၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မှတ်ပုံတင်ထားသည့် စီးတီးတက္ကစီယာဉ်များ၏ အခြေအနေများ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ အလုံးစုံ အာမခံထားရှိရေး ကိစ္စရပ်များ၊ ပြည်သူ့ရင်ပြင်၌ ကျင်းပမည့် နှစ်သစ်ကူးပွဲတော်နှင့် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲအခမ်းအနား တွင် လာရောက်ပါဝင်ဆင်နွှဲမည့် ပြည်သူများ ညအချိန် အပြန်ခရီးစဉ် အဆင်ပြေချောမွေ့စေရေးအတွက် YBS ခရီးသည်တင် ယာဉ်များ ပြေးဆွဲပေးမည့် အခြေအနေများနှင့် ပတ်သက်၍ အသီးသီး မေးမြန်းခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )မှ တာဝန်ရှိသူများက အသီးသီး ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ( YRTC )၏ ဝန်ဆောင်မှုလုပ်ငန်း မျာနှင့် စပ်လျဉ်း၍ ပြည်သူများထံ အသိပေးရှင်းလင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ ( YRTC )မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)