MNP ၊ဒီဇင်ဘာ ၃၁
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဋ္ဌ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် အဖွဲ့ဝင်များ လိုက်ပါလျက် ယမန်နေ့နံနက်(၁၁)နာရီခွဲအချိန်က ကျပ်ဆည်ကျေးရွာအုပ်စု ၊ ဆပ်ခင်းကြီးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ အဆောက်အဉီနှင့် ဝန်ထမ်းအိမ်ယာဆောက်လုပ်ပြီးစီးမှု အခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါနေ့က မလှိုင်မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထက်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သည့် အဖွဲ့ဝင်(၁)ဗိုလ်မှူးဝေဖြိုး၊ အဖွဲ့(၂) ဦးအောင်ကျော်သူ၊ အတွင်းရေးမှူး ရဲမှူးသိန်းဇော်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်လတ်နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ ဦးလှမင်းသောင်းတို့သည် ဆပ်ခင်းကြီး ကျေးရွာတွင် တည်ဆောက်လျက်ရှိသည့် အလျား(၄၁)ပေ၊ အနံ(၂၉)ပေ RC တစ်ထပ်အဆောက်အဉီ နှင့် အလျား(၃၈)ပေ အနံ(၂၅)ပေ (၂)ခန်းတွဲ RC တစ်ထပ် စံကိုက်ဝန်ထမ်းအိမ်ယာ အဆောက်အဦ ပြီးစီးမှုကို ကြည့်ရှု့စစ်ဆေးခဲ့ရာ တာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား လိုက်လံ ရှင်းလင်းတင်ပြခဲ့ရာ အဆောက်အဉီပြီးစီးမှု ရာခိုင်နှုန်း(၅၀)ဖြစ်၍ သတ်မှတ်ကာလအတွင်း စာချုပ်ပါ စည်းကမ်းချက်နှင့်အညီ စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်သွား ရန် လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ယာကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ခွင့်ပြုငွေကျပ်(၁၄၂)သန်းဖြင့် မန္တလေးမြို့ သော်တာအိမ်ကုမ္ပဏီမှ တာဝန်ယူ၍တည်ဆောက်နေခြင်းဖြစ်ပြီး ကျေးလက်ကျန်းမာရေးဌာနခွဲဆောက်လုပ်ပြီးစီးသွားပါက ကျပ်ဆည်ကျေးရွာအုပ်စုအတွင်းရှိ ဆပ်ခင်းကြီး ၊ သပြေလှ၊ ပွင့်တော၊ တုံတင်ကြီး၊ ကံချောင်၊ တည်ကြီးတော၊ ကံရွာစသည့်ကျေးရွာများအပြင် အုပ်ကြီးကျေးရွာအုပ်စုအတွင်းရှိ တည်ကုန်း-မင်းလှနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ယခင်ကထက်ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်၍ ဒေသခံတို့၏ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြု မည်ဖြစ်ကြောင်း သိရှိရ သည်။
အောင်ဌေး (မလှိုင်)
https://t.me/MyanmarNationalPost
No comments:
Post a Comment