ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ မြစ်ကြီးနား အမှတ်(၁)နှင့် အမှတ် (၂)ဈေးမိသားစုများ၏ ခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်အားပေး၊ ဈေးဝန်ထမ်းများနှင့် မျက်မမြင်ကျောင်းတို့ထံ ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ မြစ်ကြီးနား အမှတ်(၁)နှင့် အမှတ် (၂)ဈေးမိသားစုများ၏ ခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်အားပေး၊ ဈေးဝန်ထမ်းများနှင့် မျက်မမြင်ကျောင်းတို့ထံ ထောက်ပံ့ပစ္စည်းများပေးအပ်




MNP ၊ဒီဇငဘာ ၃၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အမှတ်(၁)၊ အမှတ်(၂)ဈေးနှင့် ရေစင်ကွင်းဈေး မိသားစုများ၏ ခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ဈေးနှစ်ဈေးခြားရှိ ‌ဈေးကြီးလမ်းမပေါ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့ တက်ရောက်အားပေးကြသည်။

ခရစ္စမတ်ဝတ်ပြုဆုတောင်းပွဲတွင် ဓမ္မတေးသီချင်းများ သီဆိုခြင်း၊ ဆုတောင်းဆက်ကပ်ခြင်း၊ ဓမ္မဒေသနာဟောကြားခြင်း၊ ကောင်းချီးပေးဆုတောင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကာ ခရစ္စမတ်တေး သီချင်း သံစုံအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး စည်ပင်သာယာရေးအဖွဲ့ မြို့နယ်အမှုဆောင်အရာရှိ ဦးလှမိုးနှင့် ဈေး(၁)၊ဈေး(၂) ဥက္ကဋ္ဌများက ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများအတွက် အမှတ်တရလက် ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ဈေး(၁)နှင့် ဈေး (၂) ဥက္ကဋ္ဌများက ခရစ္စမတ်ပွဲ ကျင်းပပြုလုပ်ရခြင်းကို လည်းကောင်း၊ ဈေးသူဈေးသားများ၊ အလှူရှင်များနှင့် စည်ပင်သာယာရေးအဖွဲ့တို့က လှူဒါန်းသည့် ရငွေများကို ထောက်ပံ့ပေးအပ်သွားမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြည်နယ် ဝန်ကြီးများက မြစ်ကြီးနားမျက်မမြင်ကျောင်းအတွက် လှူဒါန်းငွေကျပ် (၁၀)သိန်းနှင့် ဈေးဝန်ထမ်း များအတွက် ဆန်အိတ် (၃၈)အိတ်၊ ဆီ ၁၀ ပုံး၊ အနွေးထည်အင်္ကျီများနှင့် အဝတ်အထည်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဈေးသူဈေးသားများအား ခရစ္စ မတ်လက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)