(လယ်/ဆည်ဝန်ကြီးငြိမ်း) အဘဦးမြင့်လှိူင်မှထူးချွန် ကျောင်းသူကျောင်းသားများ ထောက်ပံပေးအပ်ချီးမြင့်ခြင်းအခမ်းအနားအားယနေ့ နေ့လည် 1 နာရီ အချိန်တွင် ဒက္ခိဏသီရိ မြို့နယ် ဒက္ခိဏသီရိ ရပ်ကွက်ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံဖြိုး ရေးပါတီ မြို့နယ်ရုံး၌ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(လယ်/ဆည်ဝန်ကြီးငြိမ်း) အဘဦးမြင့်လှိူင်မှထူးချွန် ကျောင်းသူကျောင်းသားများ ထောက်ပံပေးအပ်ချီးမြင့်ခြင်းအခမ်းအနားအားယနေ့ နေ့လည် 1 နာရီ အချိန်တွင် ဒက္ခိဏသီရိ မြို့နယ် ဒက္ခိဏသီရိ ရပ်ကွက်ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံဖြိုး ရေးပါတီ မြို့နယ်ရုံး၌ကျင်းပ











MNP  ၊ ဇန်နဝါရီ  11

2023-2024 ပညာသင်နှစ် G.-12. စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ဒက္ခိဏသီရိ မြို့နယ်ကျေးရွာ (11)ရွာမှ ကျောင်းသားကျောင်း သူ (91)ဦးအတွက် စာမေးပွဲ ကာလ တစ်ဦးလျှင် (30000)ကျပ်စီနှင့်

စာမေးပွဲ ဖြေဆို ရာတွင် အသုံးပြု မည့် ဘောပင် (3)ချောင်း အနွေးထည် (1)ထည်

mask (1) ဗူး  (38)ဖြာမင်္ဂလာ တရားတော် လက်ကမ်းစာစောင်(1)စောင်စုစုပေါင်း တန်ဖိုးငွေ (2730000.)တို့အား ရပ်မိရပ်ဖအလှူရှင် အဘဦးမြင့်လှိူင်(လယ်/ဆည်ဝန်ကြီးငြိမ်း) မှထောက်ပံပေးအပ်ချီးမြင့်ခြင်းအခမ်းအနားအားယနေ့ နေ့လည် 1 နာရီ အချိန်တွင် ဒက္ခိဏသီရိ မြို့နယ် ဒက္ခိဏသီရိ ရပ်ကွက်ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံဖြိုး ရေးပါတီ  မြို့နယ်ရုံး၌ကျင်းပခဲ့ပြီး၎င်းအခမ်းအနားသို့ ခရိုင်.မြို့နယ် မှ ဥက္ကဋ္ဌ များ. အတွင်းရေးမှူး များ . ကော်မတီဝင် များ နှင့် ရပ်မိရပ်ဖ အသီးသီး တက်ရောက်ခဲ့ကြပါသည်။

ထိုနောက်  ရပ်မိရပ်ဖအလှူရှင် အဘ ဦးမြင့်လှိုင် မှထူးချွန် ထက်မြက်တဲ့ ကျောင်းသူကျောင်းသားများပေါ်ထွက်လာစေရန် နှင့် ချို့တဲ့နွမ်းပါးသော ကျောင်းသား ကျောင်းသူများခွန်အားဖြစ်စေရန် လမ်းမှားမရောက်စေရန် ထူးချွန်လူငယ်များ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ အခမ်းအနားကို ကျင်းပခဲ့ကြောင်းရှင်းလင်းပြောကြားပြီး

သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖအသီးသီးအားအလှူရှင် ကိုယ်စား လှူဒါန်းနိင်ရန်အတွက် အဘဦးမြင့်လှိုင်မှ ထောက်ပံပစ္စည်းအသီးသီးအား လှူဒါန်းပေးအပ်ခဲ့ကာစားသောက်ဖွယ်ရာများနှင့် တည့်ခင်းဧည့်ခံ၍ ၎င်းအခမ်းအနားကို ပိတ်သိမ်းခဲ့ပါသည်။

https://t.me/MyanmarNationalPost


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)