ပေါင်မြို့နယ်၌ (၈၆) နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ (၈၆) နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပ

 




MNP ၊  ဇန်နဝါရီ      ၁၁

ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်‌နေ့၌ကျရောက်သည့် (၈၆) နှစ်မြောက် ကရင်နှစ်သစ်ကူး‌ပွဲတော်ကို မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုကျိကျေးရွာရှိမုကျိတိုက်ကျောင်းဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက်ပိုင်းက မြို့နယ်အဆင့်အနေဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

နှစ်သစ်ကူးပွဲ‌တော်ကျင်းပရာတွင်  နံနက် အာရုဏ်တက်အချိန်၌ သံဃာတော်များအား ဆွမ်းဆက်ကပ်ပြီး တရားနာယူခြင်း၊ တက်ရောက်‌လာကြသည့် တိုင်းရင်းသားများစုပေါင်းကာ ကရင်အမျိုးသားအလံတော်ကို လွှင့်ထူအလေးပြုကြခြင်း၊ ဧည့်ခံကျွေးမွေးခြင်းများကို ပြုလုပ်ခဲ့ကြသည်။

ယင်းနောက် မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှဦးဆောင်ကာ ပေါင်မြို့နယ်အတွင်းရှိ အသက်(၈၀)နှစ်နှင့်အထက် ကရင်တိုင်းရင်းသား သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ကြကာ  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါနှစ်သစ်ကူးပွဲတော်ကျင်းပရာသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်း‌အောင်

နှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြရာ တိုင်းရင်းသားရိုးရာ ဒုံးယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေမှုများကို ကြည့်ရှု အားပေးခဲ့ကြသည်။ထို့ပြင်ပေါင်မြို့နယ်အတွင်းရှိ နေရာဒေသများတွင်လည်း ဒုံးယိမ်းအကများအပြင် အကျွေးအမွေးများဖြင့် စည်းကားလျက်ရှိကြောင်းသိရသည်။


မွန်မလေး(ပြန်/ဆက်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)