MNP ၊ ဇန်နဝါရီ ၂၃
ပေါင်မြို့နယ်၌ငွေကြေးခဝါချမှုနှင့် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ကျွမ်းကျင်သင်တန်းနှင့်စပ်လျဉ်း၍ထပ်မံရှင်းလင်းပွဲ ကို ယမန်နေ့ ညနေပိုင်းကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှင်းလင်းပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးကျော်မျိုးလှိုင် က ယခုတက်ရောက်ခဲ့သည့်သင်တန်းနှင့်စပ်လျဉ်း၍ Offsite Questionnaires ဖြေကြားချက်များအပေါ် ဆုံးရှုံးနိုင်ခြေအန္တရာယ်အကဲဖြတ်အမှတ်ပေးတွက်ချက်ခြင်းအား အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအပြင် အဖိုးတန် သတ္တု(ရွှေ) ရောင်းဝယ်ခြင်းလုပ်ငန်း တို့၌များစွာအရေးပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ထိုရှင်းလင်းပွဲကို အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ (၃)ဦး၊ အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းလုပ်ငန်းမှ (၁၅)ဦး စုစုပေါင်း (၁၈)ဦးတက်ရောက်ခဲ့ပါကြောင်း သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost


No comments:
Post a Comment