သီရိလင်္ကာမှ သံဃာတော်များ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂထံ လာရောက်၍ ရွှေတံခါးဆေး အလှူခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီရိလင်္ကာမှ သံဃာတော်များ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂထံ လာရောက်၍ ရွှေတံခါးဆေး အလှူခံ







MNP ၊ ဇန်နဝါရီ ၂၃

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဘင်္ဂလားတိုက်၊ ဦးသာသနာ့ကျောင်း၊ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) ထံ ယနေ့ နံနက်ပိုင်းက သီရိလင်္ကာမှ ဆရာတော်များ ရွှေတံခါးဆေး လာရောက်အလှူခံသဖြင့် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)မှ အရှင်ဉာဏောဘသ က "သီရိလင်္ကာသံရုံးမှ တာဝန်ရှိသူတစ်ဦးနှင့် သီရိလင်္ကာနိုင်ငံမှ သံဃာတော်(၄)ပါး၊ မြန်မာသံဃာတော်(၃)ပါးတို့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) ၏ ရွှေတံခါးဆေးအလှူတော်ဌာနသို့ ရွှေတံခါးဆေးများလာရောက်အလှူခံကြပါတယ်။ ရွှေတံခါးဆေး အရမ်းကောင်းကြောင်း၊ သဘောကျ ကြိုက်နှစ်သက်ကြောင်း၊ ပြောကြပါတယ်။ သိလိုသည်များကို မေးမြန်သွားကြပါတယ်။" ဟု မိန့်ကြားသည်။

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) သည် ကိုဗစ်ကာလမှစ၍ ရွှေတံခါးဆရာတော်ကြီးထံမှ နည်းယူကာ ရွှေတံခါးဆေးများ ဖော်စပ်လှူဒါန်းပေးလျက်ရှိရာ နေ့စဉ် လာရောက်အလှူခံသူများ ရွှေတံခါးဆေးကို အသုံးပြုပြီး ရောဂါဝေဒနာများ သက်သာပျောက်ကင်းသဖြင့် အနယ်နယ်အရပ်မှ လာရောက်အလှူခံသူများဖြင့် နေ့စဉ်မပြတ် ရှိနေကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)