ဟင်္သာတမြို့နယ်၌ အကြမ်းဖက်သမားများ၏ ဘုရား၊ စေတီ၊ ပုထိုးများကို ဖျက်ဆီးနေမှုများအာ သံဃာတော်များနှင့် ပြည်သူများက ကန့်ကွက်ရှုတ်ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်၌ အကြမ်းဖက်သမားများ၏ ဘုရား၊ စေတီ၊ ပုထိုးများကို ဖျက်ဆီးနေမှုများအာ သံဃာတော်များနှင့် ပြည်သူများက ကန့်ကွက်ရှုတ်ချ




 

MNP ၊ ဇန်နဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ အကြမ်းဖက်သမားများ၏ ဘုရား၊ စေတီ၊ ပုထိုးများကို ဖျက်ဆီးနေမှုအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့ နံနက် ၉ နာရီမှစတင်၍  ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်၊ ဦးခိုလမ်းရှိ ဆယ်ထပ်ကြီးဘုရားဝန်းအတွင်း၌ ကန့်ကွက်ရှုတ်ချဆန္ဒပြပွဲများ ပြုလုပ်ခဲ့သည်။


အဆိုပါ အကြမ်းဖက်သမားများ၏ ဘုရား၊ စေတီ၊ ပုထိုးများကို ဖျက်ဆီးနေမှုအား ကန့်ကွက် ရှုတ်ချပွဲသို့ သံဃာ(၁၅၀)ပါးခန့်၊ သီလရှင်(၁၀၀)ပါးခန့်နှင့် လူပုဂ္ဂိုလ်(၄၅၀)ဦးခန့် စုစုပေါင်း အင်အား (၇၀၀) ဦးခန့်တို့က စုဝေးခဲ့ကြပြီးနောက် "အကြမ်းဖက်သမားများ၏ ဘုရား၊ စေတီ၊ ပုထိုးများကို ဖျက်ဆီးနေမှုအား ဟင်္သာတမြို့ ဆယ်ထပ်ကြီးဘုရားဝန်းစုရပ်၌ သံဃာတော်များနှင့် မျိုးချစ်ပြည်သူ ဦးဆောင်သူများက ဗုဒ္ဓဘာသာအပေါ်ဖျက်ဆီးရန် လုပ်ဆောင်နေမှုများကို ကန့်ကွက်ကြောင်း ဟောပြောကြသည်။


ဆက်လက်၍ ဆရာတော်များ၊ သီလရှင်များ  လူပုဂ္ဂိုလ်များက စနစ်တကျစီတန်း၍ "ဘာသာသာသနာစော်ကားသည့်သူ ဒို့ရန်သူ-ဒို့ရန်သူ"၊ "ဘုရားဖြိုဖျက် အကြမ်းဖက် အလိုမရှိ-အလိုမရှိ"၊ "ဒို့တိုင်းပြည်ဖျက် အကြမ်းဖက် အလိုမရှိ-အလိုမရှိ"၊ "ပြည်ဖျက် မိစ္ဆာ သောင်းကျန်းသူများအား ဆန့်ကျင်ကြ-ဆန့်ကျင်ကြ"၊ "အကြမ်းဖက်အဖွဲ့များ အား အမြစ်ပြတ်ချေမှုန်းရေး ဒို့အရေး-ဒို့အရေး" စာသားများပါ ဗီနိုင်းဆိုင်းဘုတ်တို့အား ကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် ကြွေးကြော်ပြီး ဆယ်ထပ်ကြီးဘုရားဝန်းစုရပ်မှ  ဦးကိုကိုလေးကုန်း-ရွှေစေတီလမ်း- ဗိုလ်စောမောင်လမ်း-လွတ်လပ်ရေး ကျောက်တိုင်-မန်းဘခိုင်လမ်း-အား/ကာတန်း-ဟင်္သာအဝိုင်း-ကြည်ကြည်ဝင်းကွေ့-ဆင်းဧကရီ လမ်း-မြစ်ကွေ့ ကျောင်းလမ်း- ဗိုလ်ချုပ်လမ်း- ပညာရေးလမ်းထောင့်မှတစ်ဆင့် ရွှေစေတီလမ်းများအတိုင်း မြို့တွင်းသို့ စီတန်းလှည့်လည်ခဲ့ရာ စုရပ်နေရာဖြစ်သည့် ဆယ်ထပ်ကြီး ဘုရားဝန်းအတွင်းသို့ ပြန်လည်ရောက်ရှိခဲ့ပြီး လူစုခွဲကာ ၎င်းတို့ နေရပ်အသီးသီးသို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် MNDAA အကြမ်းဖက်အဖွဲ့က ရွှေတိပုံတူစေတီတော်ကို ဖြိုဖျက်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များကို  ထုခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြသဖြင့် မြို့နယ်အသီးသီးတွင် သံဃာတော်များနှင့် ပြည်သူများက ကန့်ကွက်ရှုတ်ချမှုများ လုပ်ဆောင်ခဲ့ကြသည်။ အလားတူ TNLD အကြမ်းဖက်အဖွဲ့ကလည်း နမ့်ဆန်မြို့အဝင်ရှိ စေတီတော်ကို ဖြိုချဖျက်ဆီးပြီး ဌာပနာပစ္စည်းများကို ယူဆောင်သွားခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)