မိုင်းတုံမြို့နယ်၊ ဘုန်းကြီးကျောင်းများရှိ ရဟန်းသံဃာများနှင့် သာမဏေများအား ကျန်းမာရေးစောင့်ရှောက်မှုပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းတုံမြို့နယ်၊ ဘုန်းကြီးကျောင်းများရှိ ရဟန်းသံဃာများနှင့် သာမဏေများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

MNP ၊ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ဘုန်းကြီးကျောင်းများမှ ရဟန်းသံဃာများနှင့် သမဏေများအား ၂၀၂၄ ခုနှစ်၊ ယမန်နေ့နံနက်  ၉  နာရီခွဲအချိန်က မြို့မမွေတော်ကျောင်းတွင်စု၍ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာသက်ခိုင်မင်းနှင့် ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးရာ ခရိုင်အ‌ထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့်အဖွဲ့များက သွားရောက်ကြည့်ရူ့အားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုအစီစဉ်ကို မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာသက်ခိုင်မင်းက ဆောင်တွင်းကာလသည် အလွန်အေးချမ်း၍ သက်ကြီးရွယ်အို ရဟန်းသံဃာတော်များအနေနဲ့ အအေးဒဏ်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် မကောင်းသည့် ရောဂါလက္ခဏာများ မဝင်လာနိုင်‌အောင် ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်မှုကို အခမဲ့ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

ဒီနေ့မှာ ဘုန်းကြီးကျောင်း(၉)ကျောင်းရှိ ရဟန်းသံဃာ(၁၁)ပါးနဲ့ သာမဏေ(၁၉)ပါး ပြုစုစောင့်ရှောက်ပေးခြင်း၊ လိုအပ်တဲ့ဆေးဝါးများ လှူဒါန်းပေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပြီး ကျန်ရှိသည့် ဘုန်းကြီးကျောင်းများရှိ ရဟန်းသံဃာများနှင့် သာမဏေများကိုလည်းဆက်လက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမှာဖြစ်ကြောင်း မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာသက်ခိုင်မင်းထံမှ သိရှိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)