ပုဗ္ဗသီရိမြို့နယ် အောင်သာယာရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပညာရေးစုံညီပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဗ္ဗသီရိမြို့နယ် အောင်သာယာရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပညာရေးစုံညီပွဲတော် ကျင်းပ


MNP ၊ ဇန်နဝါရီ  ၁၁

ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းလွန်ကျောင်း၊ အောင်သာယာ၌ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာကျင်းပရာ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် အ.မ.က(မူလွန်)၊ အောင်သာယာကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးယုယုလှိုင်က အမှာစကားပြောကြားရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းပညာရေးသာမက ဘက်စုံထူးချွန်ရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းသားတို့မှ ဆက်လက် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ မိမိစာသင်ကျောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအကြောင်းနှင့် ကျောင်းသား/ကျောင်းသူများ ဘက်စုံပညာထူးချွန်ရေးတို့အတွက် မိဘ၊ ဆရာများမှ ပူးပေါင်းဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။ ထို့နောက် အောင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်များက အ.မ.က၊ အောင်သာယာစာသင်ကျောင်း၏ ဖွံ့ဖြိုးတိုးတက်သည့် အကြောင်းအရာများနှင့် ပညာရည်ချွန်ဆုပေးပွဲ၊ ပညာရေးစုံညီပွဲတော်ကို ဖြစ်မြောက်အောင် ကူညီပံ့ပိုးကြသည့် တာဝန်ရှိသူများကို ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ ကာယ၊ ဉာဏ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)