MNP ၊ဇန်နဝါရီ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက စံပြကျေးရွာအဖြစ် ရွေးချယ်ထားသည့် ကမ်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းသန္တာက စံပြကျေးရွာ၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်သည့် ရည်ရွယ်ခြင်းများနှင့် လုပ်ငန်းများကို မိတ်ဆက်ရှင်းလင်းပြီး ကော်မတီများအား စိတ်ပါဝင်စားသူများနှင့်ဖွဲ့စည်းခြင်းကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ခံဦးငြိမ်းကိုကိုက မွေးမြူရေးနှင့်ပတ်သက်သည့် လုပ်ငန်းဆိုင်ရာများကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီနွဲ့က ကျားမ အခြေပြုအကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်နှင့် ကလေးသူငယ်အခွင့်အရေးများကို လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အားလုံးပူးပေါင်းပါဝင်ပေး အကြောင်းအရာတို့ကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပြီး ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲရေးစနစ် ကျင့်သုံးတတ်စေရန် ရည်ရွယ်၍ ကျေးရွာသူ၊ ကျေးရွားသားများနှင့်ပူးပေါင်း၍ ရွာလယ်လမ်းမကြီးတစ်လျှောက် အမှိုက်များ ကောက်ယူခဲ့ကြကာ အမှိုက်ပုံးအတွင်းသို့ စနစ်တကျ စွန့်ပစ်ခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)
https://t.me/MyanmarNationalPost
No comments:
Post a Comment