ရန်ကုန်မြို့၊ အင်းစိန် က ကြီးဒေါ်အိမ်မှာ ကပ်နေပြီး သတင်းထောက် လုပ်နေတယ်။ သတင်းထောက် ထွက်ပြီးတော့လည်း ကြီးဒေါ်အိမ်မှာ ကပ်နေဆဲပဲ။
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့ -
မင်္ဂလာဒုံ၊ ရွှေနံ့သာကျေးရွာ က လယ်သမားတွေဆီကနေ ပြန်လာပြီး အင်းစိန် က ကြီးဒေါ်အိမ် ပြန်ရောက်တယ်။ ဖုန်းအင်တာနက် ဖွင့်ပြီး ကွန်ပျူတာနဲ့ချိတ်၊ သတင်းတွေလိုက်ဖတ်ကြည့်တယ်။
လူမျိုးလိမ်လော်ဘီ ပြည်ဖျက်မီဒီယာတစ်ခုတစ်ဖြစ်တဲ့ BBC မှာ OIC အဖွဲ့ မြန်မာနိုင်ငံကို လာမယ်ဆိုတဲ့ သတင်းကို တွေ့ရတယ်။ သေသေချာချာ ဖတ်ကြည့်လိုက်တော့ OIC အဖွဲ့က မြန်မာပြည်ကို လာပြီး လူပါးဝမယ့် သဘောသဘာဝကို တွေ့ရတယ်။
ပြည်ဖျက်မီဒီယာဖြစ်တဲ့ BBC မှာ ရေးသားထားတဲ့ ပုံစံက "ဒီခရီးစဉ်အတွင်းမှာ OIC အနေနဲ့ အစိုးရနဲ့ ရင်းရင်းနှီးနှီး ဆွေးနွေး စကားပြောဖို့ ရည်ရွယ်ထားကြောင်းနဲ့ နှစ်ဘက် အကြားမှာ သဘောတူနိုင်တဲ့ ဘုံရည်မှန်းချက် ရှိနေကြောင်း၊ အဲဒါကတော့ ပဋိပက္ခကနေ အကြမ်းဖက်မှုတွေ ဖြစ်နေတာကို ထိန်းသိမ်းနိုင်ဖို့နဲ့ ဒီပဋိပက္ခတွေ ကနေ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို မထိခိုက်ဖို့ ဖြစ်ကြောင်း OIC အတွင်းရေးမှူးချုပ်ရဲ့ အကြံပေး သံအမတ်ကြီးဟောင်း Casim Al Masry က ဘီဘီစီကို ပြောပါတယ်။ OIC အနေနဲ့ အဲဒီက အခြေအနေတွေကို ကိုယ်တိုင် ကိုယ်ကျ လေ့လာ အကဲဖြတ်လိုကြောင်းနဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို နိုင်ငံသား ဖြစ်မှုကို ကန့်သတ်ထားတဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ ပြန်လည်သုံးသပ် စဉ်းစားပေးဖို့ကိုလည်း ဆွေးနွေးဖို့ ရှိကြောင်း ပြောပါတယ်။" လို့ ဖော်ပြထားပါတယ်။
ဒီသတင်းမှာ လူမျိုးလိမ်နာမည်သုံးစွဲ ဖော်ပြပြီး ၁၉၈၂ နိုင်ငံသားဥပဒေကို ပြန်လည်သုံးသပ်ဖို့ ဆွေးနွေးသွားမယ်ဆိုတဲ့ အချက်က ကျွန်တော့်ကို ဟတ်ထိစေတာပါပဲ။ သတင်းကို ဖတ်ရင်း မျက်ရည်ကျမိတယ်။ အင်းစိန်မြို့နယ်ထဲမှာပဲ အနီးစပ်ဆုံးရှိနေတဲ့ ကိုဝေလင်းအောင် ထံ ဖုန်းလှမ်းဆက်တယ်။ အကို ဒီကိစ္စအတွက် ကျွန်တော် ဆန္ဒပြမယ်။ လုံးဝ လက်မခံနိုင်ဘူး။ ကျွန်တော် အရမ်းကို ပြင်းပြတဲ့ ဆန္ဒဖြစ်ပေါ်နေတာသိတဲ့အတွက် ကိုဝေလင်းအောင်ကလည်း မတားဘူး။ နောက်နေ့ နံနက်စောစော ကျွန်တော်တို့ အင်းစိန်မြို့နယ်ရဲစခန်းမှာ ခွင့်ပြုမိန့်သွားတင်တော့ မြို့နယ် ရဲမှူးက ၅ရက် ကြိုတင်ရမှာလို့ ပြောတယ်။
အဲဒီမှာ ရဲမှူးနဲ့ ကျွန်တော် ကတောက်ကဆ ဖြစ်တယ်။ အစိုးရက ဒီအဖွဲ့လာမယ်ဆိုတာကို ၅ရက် ကြို အသိပေးရင်တော့ အချိန်မီတင်လို့ ရတာပေါ့။ ဒါတောင် ပြည်ပမီဒီယာက တင်ထားတာတွေ့လို့ သိသိချင်းလာတင်တဲ့အကြောင်း ပြောတယ်။ ရဲမှူး က ထားခဲ့လို့ပဲ ပြောပြီး ကျွန်တော့်ကို နှစ်သိမ့်လိုက်တယ်။
ဆန္ဒပြမယ့်အကြောင်း ဦးနေမျိုးဝေကို ပြောတယ်။ ဦးနေမျိုးဝေ က ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေက ထုတ်နှုတ်ပြဆိုသင့်တဲ့ အချက်တွေ ပြောတယ်။ အဲဒီ အချိန် facebook မှာ မိတ်ဆွေတွေဖြစ်နေတဲ့ ပြည်ပ က ကိုလှိုင်ဘွား တို့ကလည်း အားပေးတယ်။ ကိုယ့်နိုင်ငံရဲ့ ဥပဒေကို တပါးသူက လာပြင်ခိုင်းတာ လူပါးဝတာပဲ ဆိုတဲ့ အသိနဲ့ ဆန့်ကျင် ကန့်ကွက်ဖို့ စီစဉ်ခဲ့ကြတယ်။
ကျွန်တော့် ကြီးဒေါ်ကလည်း မတားဘူး အားပေးတယ်။ သူတို့ပါတီက လူတွေကိုလည်း စည်းရုံးပေးတယ်။ အဲဒီ အချိန် မဘသ အဖွဲ့ကြီးက ဖွဲ့စည်းပြီးကာစ၊ ရွာမကျောင်းမှာ နယ်ကအဖွဲ့တွေကို သင်တန်းတွေ ပေးနေကြတာ ရှိတယ်။ အင်အားရဖို့ အဲဒီကိုလည်း သွားဖိတ်ဖို့ ဦးနေမျိုးဝေ က အကြံပြုတယ်။ ရခိုင်အမျိုးသားရေးလှုပ်ရှားနေတဲ့ ကိုဖိုးသား နဲ့ ဆက်သွယ်ခိုင်းတယ်။
ဗီနိုင်းထုတ်ဖို့ ပိုက်ဆံမရှိတဲ့အခါကြတော့ ကျွန်တော်တို့ကို လေ့လာနေတဲ့ စရဖလား ဘာလား၊ ညာလား ကျွန်တော် မသိဘူး။ အကိုတစ်ယောက်က ကျွန်တော်နဲ့ မကြာခဏလာတွေ့တယ်။ ကျွန်တော့် ဆီက စကားနှိုက်တယ်။ ဗီနိုင်းထုတ်ဖို့ ပိုက်ဆံလိုလို့ နည်းနည်းလောက် ကူညီပါဆိုတော့ သူက ၁၀၀၀၀ ကူညီသွားတယ်။
ဆန္ဒပြဖို့ ခွင့်ပြုချက်က ရမယ်၊ မရဘူး မသိသေးဘူး။ အားလုံးတော့ စီစဉ်ပြီးပြီ။
၁၂-၉-၂၀၂၃ ရက်နေ့ ည အင်းစိန်ရဲစခန်းက ခေါ်တယ်။ ကိုဝေလင်းအောင်နဲ့ ကျွန်တော် သွားကြတယ်။ သူ့အနေနဲ့ ခွင့်ပြုပေးလို့ မရကြောင်း၊ ဥပဒေအရ တိုင်းရုံးမှာ အယူခံတောင်းလို့ ရကြောင်း ပြောတယ်။ ရဲမှူးကို စကားပင် ပြန်ပြောမနေဘဲ ပြည်သူ့ရင်ပြင်ရှေ့က ရန်ကုန်တိုင်းရုံးကို သွားရတယ်။ ကိုဝေလင်းအောင်နဲ့ အတူ ညကြီးမိုးချုပ် တိုင်းရုံးကို သွားတင်ရတယ်။
၁၃-၉-၂၀၁၃ ရက်နေ့ နံနက် (၉ ၀၀)နာရီအထိ ခွင့်ပြုချက် ရမယ်၊ မရဘူး မသိသေးဘူး။ မရလည်း ပြ၊ ရလည်း ပြမယ်လို့ ဆုံးဖြတ်ထားတယ်။ အင်းစိန် AGTI ကျောင်းရှေ့မှာ ကျွန်တော်တို့ စုဝေးနေကြပြီ။ (၁၀ ၀၀)နာရီ ဝန်းကျင်မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးက လာခေါ်တယ်။ ရဲမှူးနဲ့ တွေ့ခိုင်းတယ်။ တိုင်းရုံးက ခွင့်ပြုချက် ချပေးထားကြောင်း ပြောပါတယ်။
အဲဒီနေ့ကသာ ခွင့်ပြုချက် မရခဲ့ရင် ဗေထိဆိုကတည်းက ထောင်ထဲဝင်ရမယ့် အဖြစ်ပါ။ ကျွန်တော်တို့ အင်းစိန် AGTI ရှေ့ကနေ အင်းစိန် RIT ကျောင်းရှေ့ထိ ခွင့်ပြုချက်တင်ထားတာ ဖြစ်ပါတယ်။ လမ်းကြောင်းက အတော်ရှည်ပါတယ်။ ဦးနေမျိုးဝေ က လမ်းကြောင်း အဲဒီလောက် အရှည်ကြီး လုပ်ရပါ့မလားလို့ ပြောပါတယ်။ နောက်က လိုက်ကြတဲ့ သက်ကြီးရွယ်အိုတွေ တော်တော် ပင်ပန်းပါတယ်။
လမ်းတလျောက်မှာ ကျွန်တော် ရင်ထဲမှာ ရှိတဲ့အတိုင်း ငိုလည်း ငို၊ ပြောလည်း ပြော ချီတက်ပါတယ်။ ဘေးမှာ ကိုဝေလင်းအောင်၊ ကိုနိုင်မင်း တို့ ကျွန်တော့်ကို ဝန်းရံထားပါတယ်။ အားပေးကြတဲ့ ပြည်သူများကလည်း ကျွန်တော်တို့ ဆန္ဒပြချီတက်လာသူများကို ရေသန့်ဗူးတွေ၊ မုန့်ထုတ်တွေ ပေးနေတယ်။ ကျွန်တော် ငိုတာကို ကြည့်ပြီး သူတို့လည်း ခံစားရဟန် တူပါရဲ့။ အင်းစိန် ပန်းခြံမှာ တထောက်နားကြရတယ်။ ကျွန်တော်ရေးထားတဲ့ ကဗျာရှည်တစ်ပုဒ်ကို အင်းစိန်ပန်းခြံမှာ ကိုဝေလင်းအောင် က ဖတ်ပါတယ်။
အဓမ္မ ကမ္ဘာမြေ
ကျုပ်တို့မြေမှာ ကျုပ်တို့နေတယ်၊
ဘယ်သူက ဘယ်သူ့ကိုမှ ၊ ရန်မရှာဘူး၊
ကျူပ်တို့ ပြည်တွင်း၊
ဘင်္ဂါလီ ကျူးကျော်ဝင်လာတယ်၊
မြန်မာနိုင်ငံသားဖြစ်ခွင့်၊
အဓမ္မတောင်းတယ်။
ဘာသာပေါင်းစုံ စုဝေးပြီးတော့၊
ငြိမ်းချမ်းစွာပဲ နေချင်တယ်၊
ငြိမ်းချမ်းတဲ့ ဘယ်ဘာသာတရားကမှလည်း၊
သူတစ်ပါးကို ၊ ယုတ်ယုတ်မာမာ ပြုကျင့်ဖို့၊ မတိုက်တွန်းဘူး။
ကျုပ်တို့ အခု၊ အဓမ္မဝါဒီတွေရဲ့၊
လွှမ်းမိုးမှုဒဏ်ကို ခံနေရပြီ၊
တရားမျှတမှု ရှိတဲ့ ၊ ကမ္ဘာကြီးလား
အဓမ္မဝါဒီတွေရဲ့ အလိုကျ၊
ကိုယ့်စည်းနဲ့ကိုယ်နေတဲ့၊
မြန်မာပြည်ကို၊ အဓမ္မဝါဒီတွေ၊
သွပ်သွင်းဖို့၊ ကြိုးစားနေတာလား။
UN ဆိုတာ ကမ္ဘာကြီး ငြိမ်းချမ်းမှုအတွက် ၊
စီစဉ်ဆောင်ရွက်ကြမယ့်သူတွေ။
အစွန်းရောက် ဝါဒီတွေကို ၊
သိပ်ချစ်ပြီး သိပ်မြတ်နိုးနေကြတယ်ဆိုရင်၊
OIC တွေက၊ ဒီခိုးဝင် ဘင်္ဂါလီတွေကို၊
ခေါ်သွားကြပါတော့လား။
အမှန်တရား နဲ့ တည်ငြိမ်မှု ၊
ပျောက်ပျက်ပြုန်းလာတဲ့၊ ကမ္ဘာမြေပေါ်မှာ၊
ပြဿနာကောင် ဘယ်သူတွေလဲ။
နိုင်ငံတိုင်းမှာ ကိုယ့်စည်းနဲ့ကိုယ်၊
ဥပဒေအရ ကာကွယ်ထားတာရှိတယ်။
သူတို့ကိုးကွယ်ယုံကြည်တဲ့ ဥပဒေနဲ့အညီ၊
တခြားဘာသာဝင်တွေအပေါ် ၊ မတရားပြုကျင့်ရမယ်ဆိုတဲ့
ညွှန်းဆိုချက်တွေနဲ့ ၊
တခြားဘာသာဝင်တွေကို ဖိနှိပ်နေတာတွေ၊
သတ်ဖြတ်နေတာတွေ
မတွေးမိကြတော့ဘူးလား။
ဗုဒ္ဓတိုင်းပြည်တွေကို ၊ အဓမ္မဝင်ကြီးဆိုးသွားလို့၊
ပြုတ်ပြုတ်ပြုန်းခဲ့တာလည်း ၊ များပါပြီ။
ကျုပ်တို့ရဲ့ ဗုဒ္ဓကမ္ဘာ အဝန်းအဝိုင်း၊
ကျဉ်းကျဉ်းလေးပဲရှိတော့တယ်။
လူလိုတွေး ၊ လူလိုကျင့်ပြီး ၊
ဗုဒ္ဓအသိုက်အဝန်းလေးကို၊ အမျိုးဖြုတ်ဖို့
အစွမ်းမထုတ်ပါနဲ့ ၊ ရှင်သန်ခွင့်ပေးပါလို့
ကမ္ဘာ့ကုလသမဂ္ဂကြီးကို ၊ တောင်းဆိုလိုက်ပါတယ်။
ကျုပ်တို့အဝန်းအဝိုင်းကို ၊
ကျုပ်တို့မှာ ကာကွယ်ခွင့်ရှိတယ်၊
မပြင်နိုင်ဘူး နိုင်ငံသား ဥပဒေ။
ကျုပ်တို့ ယဉ်ကျေးမှု ၊
ကျုပ်တို့ ကာကွယ်ခွင့်ရှိတယ် မလာပါနဲ့ OIC ။ ။
အင်းစိန် RIT ကျောင်းရှေ့ရောက်တော့ လူတွေလည်း တော်တော်လေး ပင်ပန်းသွားကြပါပြီ။ ကျွန်တော်တို့က OIC အဖွဲ့ မလာမီ မလာပါနဲ့လို့ ဆန္ဒပြကြတာဖြစ်ပါတယ်။ အဲဒီနေ့ ညနေပိုင်း ကိုဖိုးသားတို့က ဆူးလေမှာလည်း စီစဉ်ထားတယ်ဆိုတော့ ကိုဝေလင်းအောင်နဲ့ အတူ သွားရောက် ပူးပေါင်းပါဝင်ခဲ့ပါတယ်။ အဲဒိအချိန်ကစလို့ အမျိုးသားရေး ဦးဆောင်လှုပ်ရှားသူ ဆရာတော်များနဲ့ တက်ကြွလူငယ်များ ချိတ်ဆက်မိခဲ့ကြပါတယ်။ OIC အဖွဲ့ ရောက်လာမယ့် နေ့မှာတော့ လေယာဉ်ကွင်းရှေ့မှာ ဆရာတော်ဦးပါမောက္ခ ဦးဆောင်သော သံဃာတော်များ၊ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ လူငယ်များ စုဝေးဆန္ဒပြ ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။
ဒါတွေကို ပြန်ပြောင်း ပြောဆိုနေခြင်းဟာ ငါတို့ ဒါတွေလုပ်ခဲ့တယ်လို့ ဂုဏ်ယူပြောဆိုနေခြင်း မဟုတ်ပါဘူး။ အမျိုးသားရေးအန္တရာယ်တွေက ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ များပြားလာနေပါတယ်။ အမျိုးသားရေးကို အလေးထားကြတဲ့ လူငယ်တွေ များပြာလာဖို့ လိုတယ်။ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ လိုတယ်။ ရဲရင့် ပြတ်သားစွာနဲ့ မိမိတို့ဆောင်ရွက်လိုတဲ့ အမျိုးသားရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ဝံ့တဲ့ သတ္တိရှိရမယ်။ လွတ်လပ်တဲ့ လူငယ်တွေပဲ ဒီလို အလုပ်တွေကို ရဲဝံ့ပြတ်သားစွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အနှောင်အဖွဲ့တွေ ရှိလာရင် စိတ်သွားတိုင်း ကိုယ်မပါတော့ဘူး။ မြို့သိပ်နေရတဲ့ အခြေအနေမျိုးတွေ ဖြစ်လာတယ်။ မျိုးဆက်သစ် အမျိုးသားရေး လူငယ်တွေ ပေါ်ထွက်ပါစေလို့ ဆန္ဒပြုတယ်။ ကျွန်တော်တို့တွေက သတ္တိနည်းသွားပြီ ဖြစ်လို့ပါပဲ။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost





No comments:
Post a Comment