စစ်ကိုင်းမြို့နယ်၊ ပေါက္ကားကျေးရွာအနီးရှိ PDF အကြမ်းဖက်စခန်းအား ရှင်းလင်းဖယ်ရှား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့နယ်၊ ပေါက္ကားကျေးရွာအနီးရှိ PDF အကြမ်းဖက်စခန်းအား ရှင်းလင်းဖယ်ရှား








MNP ၊ ဇန်နဝါရီ ၁၄

စစ်ကိုင်းမြိုနယ် ပေါက္ကားကျေးရွာအနီးတွင် သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲဝင်များမှ ဇန်နဝါရီလ ၁၃ ရက် ညနေ ၅ နာရီခွဲခန့်တွင် နယ်မြေရှင်းလင်းရေး သွားရောက်ဆောင်ရွက်စဉ် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အဆိုပါ PDF အကြမ်းဖက်စခန်းကို ရှင်းလင်းဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။


အဆိုပါ PDF အကြမ်းဖက်စခန်းမှ လက်လုပ်သေနတ်(အရှည်) ၁၁ လက်၊ လက်မလုပ်သေနတ်(အတို) ၂ လက်၊ လက်လုပ်စိန်ပြောင်း ၁၃ လက်၊ မိုင်းမျိုးစုံ ၂၃၀ လုံး၊ ၁၅ယောက်အိပ်တဲ ၃ လုံး၊ ၅ယောက်အိပ်တဲ ၂ လုံး၊ ရှင်းလင်းဆောင် ၁ လုံး၊ ဝရိန်ပုံး(အကြီး) ၁ လုံး၊ ဝရိန်ပုံး(အသေး) ၁ လုံး၊ ချိန်းဆော ၁ လုံး၊ မီးစက်(အကြီး) ၁ လုံး၊ ဆောင်းဘောက် ၂ လုံး၊ အိုင်းကွန် ၁ လုံး၊ Super Custom အမျိုးအစား ကား ၁ စီး၊ TOYOTA Hilux ကား ၁ စီးတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)