တရားမဝင်သစ်မျိုးစုံ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ် ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားမဝင်သစ်မျိုးစုံ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ် ဖမ်းဆီးရမိ



MNP ၊ ဇန်နဝါရီ ၁၅

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာ၌ ဇန်နဝါရီ ၁၀ ရက်တွင် မြန်အောင်ခရိုင် ကြံခင်းမြို့နယ်၌ တရားမဝင်အခြားသစ် ၆ ဒသမ ၁၅၆ တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၆၁၂၀ နှင့် ဇန်နဝါရီ ၁၁ ရက်တွင် ပုသိမ်ခရိုင် ရေကြည်မြို့နယ်၌ တရားမဝင် အခြားသစ် ၄ ဒသမ ၂၈၄ တန် ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၉၉ ၈၉၄ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၆၀၁၄ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် ဇန်နဝါရီ ၁၂ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးခရိုင် တောင်တွင်းကြီးမြို့နယ်၌ လိုင်စင်မဲ့ Tarbo Star 110 မော်တော်ဆိုင်ကယ်တစ်စီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀ ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မကွေးခရိုင် မြို့သစ်မြို့နယ်၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၀၇၆ တန်နှင့် အခြားသစ် ၁၀ ဒသမ ၂၉၆ တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂ ၀၇၂ ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၃၉၂၀၇၂ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၃ ရက်တွင် ပဲခူးခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၄၅၅ တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၂၀၃၀၀ ကို သစ်တောဥပဒေအရလည်းကောင်း၊ ဝေါမြို့နယ်၌ လိုင်စင်မဲ့ TOYOTA Voxy မော်တော်ယာဉ်တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀ ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ဇန်နဝါရီ ၁၄ ရက်တွင် သာယာဝတီခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၄ ဒသမ ၀၅၈ တန်၊ အခြားသစ် ၅ ဒသမ ၅၇၆ တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၃၂၆၀ ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၈၃၅၆၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။


သို့ဖြစ်၍ ဇန်နဝါရီ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲရှစ်မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၄၈၁၆၄၆ ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)