ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကြိုတင်ပြင်ဆင်ထားရှိမှုများ ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကြိုတင်ပြင်ဆင်ထားရှိမှုများ ကြည့်ရှုစစ်ဆေး






MNP ၊ ဇန်နဝါရီ ၃၀

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယ ဝန်ကြီး ဦးရဲတင့်၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူ များနှင့်အတူ ယနေ့ ညနေပိုင်းတွင် နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)သို့ သွားရောက်ပြီး ၂၀၂၃ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန (၁)တွင် တည်ဆောက်လျက်ရှိသော ရုပ်ရှင်အနုပညာရှင်များအတွက် ကြိုဆိုရေးမုခ်ဦး၊ ဂုဏ်ပြုခံလျှောက်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ရုပ်ရှင်အနုပညာရှင်များအတွက် ကြိုဆိုရေး၊ ဧည့်ခံကျွေးမွေးရေး၊ တွေ့ဆုံမေးမြန်းရေး ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ ဖျော်ဖြေရေး၊ ဆုများချီးမြှင့်ရေးနှင့် မီး၊ အသံစနစ်များဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ ရွှေကြိုမောင်မယ်များနှင့် ပါဝင်ဖျော်ဖြေ တင်ဆက်ကြမည့် အနုပညာရှင်များကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၃) ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ ကျင်းပမည်ဖြစ်ပြီး အခမ်းအနားသို့ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင် တစ်ထောင် ကျော် တက်ရောက်မည်ဖြစ်ကာ ၂၀၂၃ ခုနှစ်အတွင်း ရုံတင်ပြသထားသည့် ရုပ်ရှင်ဇာတ်ကားများမှ အကောင်းဆုံးအနုပညာရှင်၊ အတတ်ပညာရှင်များကို ရုပ်ရှင်ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)