တာမွေမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

 









MNP ၊  ဇန်နဝါရီ   ၂၃

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၁၁)အခြေခံပညာအလယ်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါကျောင်းရှိ ကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြန်မာ့ကျောင်းသီချင်းဖြင့်ဖျော်ဖြေတင်ဆက်၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး တာမွေမြို့နယ်ရှိ အမှတ် (၁၁) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ သည်။ ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင်တစ်ဦးမှ အမှာစကားပြောကြားခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရရှိခဲ့ကြသူများ၊ ကျောင်းတွင်းကာယဉာဏစွမ်းရည်ပြိုင်ပွဲများ၌ ထူးချွန်ဆုရရှိခဲ့ကြသူများနှင့် အား ကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိခဲ့ကြသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ 

          ဆက်လက်ပြီး တာမွေမြို့နယ်ရှိ အမှတ်(၁၁)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/သူလေး များက တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တာမွေမြို့နယ်ရှိ အမှတ်(၁၁)အခြေခံပညာအလယ်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျောင်းရှိ သင်ကြားရေးဆရာ/ဆရာမများအား လက်ဆောင်ပစ္စည်းများအား လည်းကောင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။ ထို့နောက်  တာမွေမြို့နယ်ရှိ အမှတ်(၁၁)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)