မုံရွာတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ဒု-ရဲအုပ်တစ်ဦးကို PDF အကြမ်းဖက်သမား ၂ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ဒု-ရဲအုပ်တစ်ဦးကို PDF အကြမ်းဖက်သမား ၂ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်



MNP ၊ ဇန်နဝါရီ ၂၃ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို၊ အမှတ်(၂) ရဲစခန်းက ဒု-ရဲအုပ် တစ်ဦးကို လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် ဇန်နဝါရီ(၂၁)ရက် မနက်(၈)နာရီခန့်က PDF အကြမ်းဖက်သမားက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရသည်။ 

မုံရွာမြို၊ စက်မှု(၁)၊ အေးရိပ်သာလမ်းရှိ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည် ထိုင်သောက်နေသည့် မုံရွာ အမှတ်(၂) ရဲစခန်းက ဒု-ရဲအုပ် ကျော်ဇင်ဦးကို PDF အကြမ်းဖက်သမားက လက်ဖက်ရည်ဆိုင်ထဲထိ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ PDF အကြမ်းဖက်အဖွဲ့က ထုတ်ပြန်ထားသည့် ရုပ်သံအရ သေနတ်အတိုကိုင်ထားသည့် PDF အကြမ်းဖက်သမား ၂ယောက်က လက်ဖက်ရည်ဆိုင်ထဲဝင်လာပြီး လက်ဖက်ရည်သောက်နေတဲ့ ဒုရဲအုပ်ကျော်ဇင်ဦးကို ၅ ပေခန့် အကွာမှ သေနတ်နဲ့ ၈ ချက်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၁)တပ်ရင်း၊ မုံရွာခရိုင် အမှတ် (၂၃) တပ်ရင်းနဲ့ မုံရွာခရိုင် အမှတ် (၂၂) -နတ်ဆိုး တပ်ရင်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း PDF အကြမ်းဖက်အဖွဲ့က သတင်းထုတ်ထားသေးသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)