MNP ၊ ဇန်နဝါရီ ၂၇
ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၅/၅) နှင့် (၃၅/၆) ကြားတွင် ၂၆.၁.၂၀၂၄ ရက်နေ့၊ ၀၇ ၀၀ အချိန်ခန့်က ယာဉ်(၁)စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်ရာသို့ ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ယာဉ်ပေါ်ပါ သံဃာ(၃)ပါး၊ ကျား(၅)ဦးနှင့် ကလေးငယ် ကျား(၁)ဦး၊ မ(၈)ဦး စုစုပေါင်း(၁၇)ဦးအနက် (၇)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား 192 သူနာတင်ယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးထားကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment