ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁၅ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၇၅ ကီလို၊ အိုက်စ် ၁၅၀၂ ကီလို၊ ကက်တမင်း ၅၅ ကီလိုနှင့် လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁၅ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၇၅ ကီလို၊ အိုက်စ် ၁၅၀၂ ကီလို၊ ကက်တမင်း ၅၅ ကီလိုနှင့် လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ



MNP ၊ ဇန်နဝါရီ ၂၇

မူးယစ်ဆေးဝါးများ သယ်ဆောင်မည်ဖြစ်ကြောင်း  သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-မိုင်းဆတ်သွားကားလမ်း၊ နားကော်(၃)ရွာအနီး၌ စောင့်ဆိုင်းနေစဉ် သတင်းရရှိထားသည့် TOYOTA HILUX REVO မော်တော်ယာဉ် ရောက်ရှိလာသဖြင့် ရှာဖွေခဲ့ရာ အားစော နှင့် အားကော် တို့ သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၁၅ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများ နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုတွင် ဘိန်းဖြူဘလောက်တုံး ၅၀၀ တုံး၊ အလေးချိန် ၁၇၅ ကီလို၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၁၅၀၂ ကီလို၊ ကတ်တမင်း ၅၅ ကီလိုနှင့် M 16 သေနတ် ၁ လက်၊ ၎င်းကျည် ၃၀ တောင့်၊ M 22 သေနတ် ၁ လက်၊ ၎င်းကျည် ၃၀ တောင့်တို့အား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)