MNP ၊ ဇန်နဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ စာအောင်ရဟန်း၊ သာမဏေ၊ သီလရှင်များအား စာအောင် ဆုနှင်းသဘင်အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီ က ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က သာသနာ့ဗိမာန်တော်ကြီး၌ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ရွှေကြာသင်္ကန်း နှင့် ပန်း/ရေချမ်း/ဆီးမီး ကပ်လှူဇော်သည်။
အခမ်းအနားတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့အမှူးပြုသောဖိတ်ကြားထားသော ဧည့်သည်တော်များ က အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ၍ဖွင့်လှစ်ပြီး မင်္ဂလာဝိုင်းတော်အဖွဲ့ ကထူးမခြားနားသီချင်းဖြင့်သီဆိုပူဇော် ကာ ထားဝယ်မြို့၊ ဃောသိတရာမပါဠိတက္ကသိုလ် ကျောင်းတိုက်ပဓာန နာယက နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာမိ ဆရာတော်ကြီးထံမှ(၅)ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက်ဆရာတော်သံဃာတော်အရှင်သူမြတ်များရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော အန္တရာယ်ကင်းပရိတ်တရားတော် များနာယူကြည်ညိုပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက သာသနာရေးဆိုင်ရာများလျှောက်ထားကာ ကြွရောက်တော် မူလာကြသောဆရာတော်ကြီးများအား တာဝန်ရှိသူများ က လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍၂၀၂၃ခုနှစ်၊ ထားဝယ်စာဖြေဌာနမှ ဝင်ရောက်ဖြေဆိုအောင်မြင်တော်မူခဲ့သောစာအောင်သံဃာတော် များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များနှင့်မြိတ်စာဖြေဌာနမှဓမ္မာစရိယအောင်(၁)ပါးတို့ အားတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရား သူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများ က အောင်လက်မှတ်နှင့်စာအောင်ဆုများ ဆက်ကပ်လှူဒါန်းပြီးထားဝယ်မြို့၊ ဇေယျဝတီကျောင်းတိုက်၊တိုင်းဒေသကြီးသံဃနာယကအဖွဲ့(ကူးတို့ဂိုဏ်း)ဥက္ကဌ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒဝံသဆရာတော်ကြီး ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြည်ညို ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြ သည်။
၎င်းနောက်တက်ရောက်လာကြသောဧည့်သည်တော်များက ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်းကာ မင်္ဂလာ ဝိုင်းတော်အဖွဲ့ က အောင်စေပိုင်စေ ဓမ္မတေးဖြင့်သီဆိုပူဇော်၍အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်စာဖြေဌာနမှ ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်၊ အစိုးရနိကာယ် ၊ အဘိဓမ္မာ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ တွင် ဝင်ရောက်ဖြေဆိုအောင်မြင်ကြသော စာအောင်သံဃာတော်၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များမှာ ဓမ္မာစရိယ(ကျမ်းပြီး)၁ ပါး၊ နိကာယ်အုပ်စု(၁)ကျမ်းပြီး ၁ ပါး၊ အုပ်စု(၄)ကျမ်းပြီး(၁)ပါး ၊ ပထမကြီးတန်း ၄ ပါး၊ ပထမလတ်တန်း ၁ ပါး၊ ပထမငယ်တန်း ၁၄ ပါး ၊ အခြေပြုမူလတန်း(၃၂)ပါး၊ မြိတ်ခရိုင်မှစာအောင်သံဃာတော်/ သီလရှင်(၉၂) ပါး၊ ကော့သောင်းခရိုင်မှစာအောင်သံဃာတော်/သီလရှင်(၄၄)ပါး၊ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment