ကာတာနိုင်ငံတွင် ကျင်းပနေသော Expo 2023 Doha ကုန်စည်ပြပွဲ၏ မြန်မာနေ့အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကာတာနိုင်ငံတွင် ကျင်းပနေသော Expo 2023 Doha ကုန်စည်ပြပွဲ၏ မြန်မာနေ့အခမ်းအနား ကျင်းပ








MNP ဇန်နဝါရီ ၂၇

ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပလျက်ရှိသော Expo 2023 Dohaတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြန်မာပြခန်းဆောင်ကို ပါဝင်ပြသလျက်ရှိပြီးExpo 2023 Doha ၏ မြန်မာနေ့အခမ်းအနားကို ယနေ့တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့၊ AI B Park ရှိ Expo House ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ Expo 2023 Doha ၏ Secretary General Mr. Mohamed alkoori နှင့် ပြပွဲတွင် ပါဝင်ပြသသည့် နိုင်ငံများမှ Commissioner General များ တက်ရောက်ကြသည်။


မြန်မာနေ့အခမ်းအနားကို ဒေသစံတော်ချိန် ညနေ ၄ နာရီ၌ ကျင်းပရာ ဦးစွာ မြန်မာနိုင်ငံတော်သီချင်းနှင့် ကာတာနိုင်ငံတော်သီချင်းများကို ဖွင့်လှစ်၍ နှစ်နိုင်ငံအလံများကိုလွှင့်ထူပြီး မြန်မာ့ယဉ်ကျေးမှု အကပဒေသာဖြင့် ဖျော်ဖြေတင်ဆက်သည်။ ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မြန်မာကုန်သွယ်မှုမြှင့်တင်‌ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားပြီး ဧည့်သည်တော်များက မြန်မာပြခန်းဆောင်နှင့် ကာတာပြခန်းဆောင်တို့ကို လှည့်လည်ကြည့်ရှုသည်။


Expo 2023 Doha ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ် ၃၁ ရက်အထိ ၆ လကြာ ကျင်းပလျက်ရှိပြီး ပြပွဲကာလအတွင်း မြန်မာပြခန်းဆောင်ကို TREASURE CAP Company မှ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ပြသလျက်ရှိကြောင်းနှင့် မြန်မာပြခန်း၌ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ၊ ကျောက်မျက်ရတနာပစ္စည်းများ၊ မြန်မာ့သဘာဝမျိုးရင်း သစ်ခွများနှင့် ရေထွက်ကုန်ပစ္စည်းများ ပြသလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)